The network connection is lost.

Banner Image

ချဲလ်ဆီးမှာ အပယ်ခံဖြစ်ခဲ့ပြီးနောက် ဝက်စ်ဟမ်းဆီ အငှားထွက်ခဲ့တဲ့အပေါ် အက်ဆယ် ဒီဆာစီ ပျော်ရွှင်နေ

ချယ်လ်ဆီးကနေ ဝက်စ်ဟမ်းကို အငှားနဲ့ပြောင်းရွှေ့ပြီးနောက် ခြေစွမ်းပြနေတဲ့ အက်ဆယ် ဒီဆာစီက သူ့အပေါ် အထင်မှားခဲ့သူတွေကို အမှားကြောင်း သက်သေပြနိုင်ခဲ့တဲ့အတွက် "အရမ်းခံစားလို့ကောင်းတယ်" လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော် 'bomb squad' (အသင်းရဲ့ အစီအစဉ်မှာ မပါတော့ဘဲ သီးသန့်ဖယ်ထုတ်ခံထားရသူများ) ထဲမှာ အထင်ကရ ပါဝင်ခဲ့သူဖြစ်ပြီး အသင်းပြောင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ဒီဆာစီဟာ ဝက်စ်ဟမ်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ပရီမီယာလိဂ်မှာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အသင်းအတွက် အဓိကကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူက L’Equipe နဲ့ အင်တာဗျူးမှာ သူ့ရဲ့အပြောင်းအရွှေ့အကြောင်းကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ "ကျွန်တော် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်ပြေနေပါတယ်။ ကွင်းထဲမှာ ပြန်ကစားခွင့်ရတာက ကျွန်တော့်ကို စိတ်ချမ်းသာစေပါတယ်။ တချို့လူတွေက ကျွန်တော့်ရဲ့ ပြန်လာနိုင်မှုအပေါ် စိုးရိမ်ခဲ့ကြပေမဲ့ သူတို့တွေမှားနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့လို့ တကယ်ပဲ ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုအပေါ် သံသယဝင်ခဲ့ကြတာတွေကလည်း ကောလာဟလတွေပဲ ဖြစ်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ကျွန်တော် အများကြီး ရင့်ကျက်လာခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက "ကျွန်တော် ပိုပြီး သန်မာလာတယ်၊ အထူးသဖြင့် စိတ်ဓာတ်ပိုင်းပေါ့။ ဘောလုံးတင်မကဘဲ ဘဝအတွက်ပါ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေက ကျွန်တော့်ရဲ့ ဘောလုံးကစားမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အခုဆို ကျွန်တော် ကစားပုံပြောင်းသွားပြီ။ အရာရာကို ခေါင်းအေးအေးနဲ့ စဉ်းစားတတ်လာပြီး အရင်ကထက် အများကြီး တည်ငြိမ်လာပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် မစိုးရိမ်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ မေးခွန်းတွေ အများကြီး မေးခဲ့မိတယ်။ ဒါတွေက ဘာလို့ ငါ့ဆီ အခုမှလာဖြစ်နေတာလဲ? ငါ ပြန်လာနိုင်ပါ့မလား? ငါ့ရဲ့ ရည်မှန်းချက်တွေနဲ့ ထိုက်တန်တဲ့ အသင်းမျိုးမှာ ပြန်ကစားခွင့်ရပါ့မလား? ဆိုပြီး နှစ်ပတ်၊ သုံးပတ်လောက်တော့ စဉ်းစားမိခဲ့ပေမဲ့ အဲဒီထက်ပိုပြီးတော့ အချိန်မဖြုန်းခဲ့ပါဘူး။ အဲဒီလို စဉ်းစားနေတာတွေက ကျွန်တော့်ရဲ့ စွမ်းအင်တွေကို ကုန်ဆုံးစေတဲ့အတွက် ချက်ချင်းပဲ ရပ်တန့်လိုက်ပါတယ်။ ရှေ့ဆက်ဖို့ပဲ ကျွန်တော် လိုအပ်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။