The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့ရင်တောင် ဝေါ်လ်ကာတစ်ယောက် ဘန်လေမှာပဲဆက်ရှိနေမယ်လို့ယုံကြည်ကြောင်းပြောကြားလာတဲ့ ပါကာ

အကယ်၍ အသင်းသာ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရင်တောင်မှ ကိုင်လီဝေါ်ကာအနေနဲ့ နောက်ရာသီမှာ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဘန်လေနည်းပြ စကော့ပါကာက ဝန်ခံပြောကြားလိုက်ပါတယ်။

ဝေါ်ကာဟာ ပြီးခဲ့တဲ့အပတ်ကပဲ အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တာပါ။

"သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ဘက်က အပြည့်အဝ ထောက်ခံပါတယ်။ ဒါက သူကိုယ်တိုင် ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ပါပဲ" လို့ ပါကာက ပြောပါတယ်။

"ဒါကြောင့် နိုင်ငံတကာပွဲစဉ်တွေရှိတဲ့ အပတ်တွေမှာ သူ အနားယူချိန် ရသွားသလို၊ အသင်းအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်"

နည်းပြဖြစ်သူက ဆက်လက်ပြီး "အားလုံး သိကြတဲ့အတိုင်းပါပဲ၊ အခုချိန်မှာ ကျွန်တော်တို့အားလုံး ဒီရာသီအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ရယူဖို့ ၂၇ မှတ် ကျန်သေးသလို ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ဟုတ်ပါတယ်၊ သူက အသင်းနဲ့ နှစ်နှစ်စာ စာချုပ်ရှိနေတာဖြစ်လို့ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။