The network connection is lost.

Banner Image

ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားရှုံးကြွေးဆပ်လိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၅ - ၂ ချဲလ်ဆီး (ပဲွပြီးရလဒ်)

ပီအက်စ်ဂျီအသင်းဟာ ယနေ့ညပွဲစဉ်အတွင်း တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်း အခွင့်အရေးတွေရခဲ့ပေမဲ့ ပယ်လ်မာဦးဆောင်တဲ့တိုက်စစ်က အဆုံးသတ်အားနည်းမှုတွေကြောင့် ပီအက်စ်ဂျီကို အခွင့်အရေးတွေပြန်ပေးရပြီး ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။

ချဲလ်ဆီးတို့ ယခုရှုံးပွဲကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ခု ဖန်တီးနိုင်ဖို့ လိုအပ်ခဲ့ပြီဖြစ်ပါတယ်။