The network connection is lost.

Banner Image

အိပ်မက်ဆိုးကြုံတွေ့ခဲ့ရပြီးနောက် ပထမဆုံးအကြိမ်လူသိရှင်ကြားစကားပြောလာတဲ့ တော့တင်ဟမ်ဂိုးသမားကင်စကီ

တော့တင်ဟမ်ဂိုးသမားကင်စကီက အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူရဲ့ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပရိသတ်တွေဆီ သတင်းစကားပါးလိုက်ပါတယ်။

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယာယီနည်းပြတူဒေါက မက်ဒရစ်ခရီးစဉ်အတွက် အသက် ၂၂ နှစ်အရွယ်ဂိုးသမားကို ချန်ပီယံလိဂ်ဗွေဆော်ဦးပွဲထွက်ခွင့် ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကင်စကီက အက်သလက်တီကိုမက်ဒရစ်ရရှိသွားတဲ့ သွင်းဂိုးနှစ်ဂိုးမှာ အမှားနှစ်ကြိမ်ကျူးလွန်ခဲ့လို့ ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲလှယ်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူက Instagram မှတစ်ဆင့် ပရိသတ်တွေဆီ “အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အိပ်မက်မှ အိပ်မက်ဆိုး၊ အဲဒီနေရာမှတဆင့် အိပ်မက်ဆီ ပြန်သွားပါမယ်။ ပြန်တွေ့ကြမယ်” ဆိုတဲ့ သတင်းစကားတိုတစ်ခု ပေးပို့ခဲ့ပါတယ်။