အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ အဆိုးရွားဆုံးပုံစံပြသခဲ့တဲ့ ကင်စကီကို အငှားချဖို့ တော့တင်ဟမ် စီစဉ်နေ
အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အဆိုးရွားဆုံးစွမ်းဆောင်ရည်ပြသခဲ့တဲ့ ဂိုးသမားကင်စကီကို လာမယ့်နွေရာသီမှာ အငှားချသွားဖို့ တော့တင်ဟမ်အသင်း စီစဉ်ထားတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ်ဂိုးသမားက အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အတွက် ယာယီနည်းပြအီဂေါတူဒေါရဲ့ပွဲထွက်ခွင့်အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ဒါက သူ့ရဲ့ကစားသမားဘ၀သက်တမ်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကင်စကီးက အမှားကြီးနှစ်ခုကို ကျူးလွန်မိပြီး လော်ရန်တေးနဲ့ အယ်လ်ဗာရက်ဇ်တို့ရဲ့သွင်းဂိုးတွေကို အလွယ်တကူခွင့်ပြုပေးခဲ့ရပြီးနောက် ပွဲကစားချိန် ၁၇ မိနစ်မှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။
The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ တော့တင်ဟမ်အသင်းက ကင်စကီကို သူ့ရဲ့ကစားသမားဘဝပြန်လည်တည်ဆောက်နိုင်ဖို့အတွက် လာမယ့်နွေရာသီမှာ အခြားအသင်းတစ်ခုဆီ အငှားချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။