The network connection is lost.

Banner Image

ဗီလာပတ်ခ်မှာ အဖိုးတန်အဝေးကွင်းနိုင်ပွဲရယူခဲ့တဲ့ အဲဗာတန်

အက်စတွန်ဗီလာ ဝ-၁ အဲဗာတန် (ပွဲပြီးရလဒ်)

ဗီလာပတ်ခ်မှာကစားခဲ့တဲ့အခုပွဲစဉ်အတွင်း နှစ်ဖက်အသင်းကစားသမားတွေရဲ့တိုက်စစ်အားပြုကစားဟန်ကြောင့် စိတ်လှုပ်ရှားစရာမြင်ကွင်းတွေကို တွေ့မြင်ခံစားခဲ့ရပါတယ်။ ပွဲချိန်တလျှောက်လုံး အက်စတွန်ဗီလာရော၊ အဲဗာတန်ပါ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သလို နှစ်ဖက်အသင်းခံစစ်မှူးတွေနဲ့ ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်တစ်နာရီဝန်းကျင်မှာ အဲဗာတန်တိုက်စစ်မှူးဘာရီက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အူနိုင်းအမ်မရီရဲ့အသင်းက အာဆင်နယ်၊ မန်စီးတီးတို့ရဲ့ခြေချော်မှုကို အခွင့်အရေးမယူနိုင်ဘဲ အမှတ်ပေးဇယားတတိယနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပြီး ဒေးဗစ်မိုရက်စ်ရဲ့အသင်းကတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ဇုန်ဆီ ဖိအားပေးလာနိုင်ပါတယ်။