အယ်လန်ရုဒ်မှာ သရေတစ်မှတ်သာရရှိခဲ့တဲ့ သရဲနီ
လိဒ်ယူနိုက်တက် ၁-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
ပြီးခဲ့တဲ့ကြားရက်မှာ လီဗာပူးကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဒန်နီရယ်ဖာကီရဲ့အသင်းက အခုအိမ်ကွင်းပွဲစဉ်မှာလည်း အာမိုရင်ရဲ့အသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး တစ်မှတ်စီခွဲဝေယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ဦးဆောင်ဂိုးကို ဒုတိယပိုင်းပွဲချိန်အတွင်း အိမ်ရှင်လိဒ်အတွက် အာရွန်ဆန်က သွင်းယူခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ကွန်ဟာက ယူနိုက်တက်အတွက်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က အမှတ်ပေးဇယားစတုတ္ထနေရာရှိ လီဗာပူးထက် တစ်ပွဲပိုကစား၊ နှစ်မှတ်လျော့ဖြင့် အဆင့်-၅ နေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။