ဂိုးတွေအပြန်အလှန်သွင်းယူရင်း တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ယူနိုက်တက်နဲ့ဘုန်းမောက်
မန်ချက်စတာယူနိုက်တက် ၄-၄ ဘုန်းမောက် (ပွဲပြီးရလဒ်)
အခုအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်မှာ အဆင့်အတန်းမြင့်သွင်းဂိုးတွေအပြင် နှစ်ဖက်အသင်းကစားသမားတွေရဲ့တိုက်စစ်ကစားပုံကြောင့် အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အာမက်ဒီယာလိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဘုန်းမောက်အတွက် ချေပဂိုးကို ဆီမန်ညို ရယူခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ကတ်စ်မဲရိုးက ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းစတင်လာချိန်မှာပဲ အီဗန်နယ်လ်ဆင်နဲ့ တာဗာနီယာတို့က ဂိုးတွေထပ်မံသွင်းယူခဲ့လို့ ဧည့်သည်တို့ အသာစီးရရှိလာခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ ကွန်ဟာတို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ဆက်တိုက်ဆိုသလိုသွင်းယူခဲ့လို့ သရဲနီတို့ ပွဲကိုပြန်လည်စီးမိုးနိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ လူစားဝင်တိုက်စစ်မှူးခရူပီက အခုပွဲစဉ်အတွက် အပိတ်ဂိုးကို သွင်းယူခဲ့လို့ တစ်ဖက်လေးဂိုးစီသရေလဒ် ထွက်ပေါ်ခဲ့ပါတယ်။