The network connection is lost.

Banner Image

ဒုတိယပိုင်း comebackနဲ့ မန်စီးတီးကို အနိုင်ယူပြသွားတဲ့ ဘရိုက်တန်

ဘရိုက်တန် ၂ - ၁ မန်စီးတီး (ပွဲပြီးရလဒ်)

မန်စီးတီးအသင်းဟာ ပထမပိုင်းမှာ ဟာလန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားအားကျသွားခဲ့သလို တိုက်စစ်ကလည်း အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဘရိုက်တန်ရဲ့လူစားဝင်ကစားသမားတွေကို မန်စီးတီးခံစစ်က ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးခဲ့ရပါတယ်။
ဘရိုက်တန်နည်းပြ ဟာဇလာကတော့ ဒီပွဲမှာ ချီးကျူးရမယ့် စွမ်းဆောင်ရည်တွေပြသခဲ့ပြီး သူ့ရဲ့လူစားလဲမှန်ကန်မှုတွေကြောင့် မန်စီးတီးကို comebackနဲ့ အနိုင်ယူပြသွားနိုင်ခဲ့ပါတယ်။