The network connection is lost.

Banner Image

ကရာဗန်ကော့တေ့ချ်မှာ အမှတ်ခွဲဝေယူခဲ့တဲ့ ဖူလ်ဟမ်နဲ့ ယူနိုက်တက်

ဖူလ်ဟမ် ၁-၁ ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဘရူနိုဖာနန်ဒက်ဇ်ရဲ့ပယ်နယ်တီလွဲချော်မှုကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ ရိုယိုရဲ့ခေါင်းတိုက်ချက်က မူနစ်ဇ်နဲ့ထိကာ လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ လူစားဝင်လာတဲ့ စမစ်ရိုက အီဝိုဘီရဲ့ဖြတ်တင်ဘောပေးပို့မှုမှတဆင့် ဖူလ်ဟမ်အတွက် ချေပဂိုးသွင်းယူခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ ပွဲချိန်ကုန်ဆုံးသွားခဲ့ပါတယ်။