The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းက စိတ်ဝင်စားနေပေမယ့်လည်း ကလပ်ကမ္ဘာ့ဖလားမှာ ချဲလ်ဆီးစတားပါဝင်မှာဖြစ်တယ်လို့ မာရက်စ်ကာ ထုတ်ဖော်ပြောကြား

ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာ အခုနွေရာသီမှာ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပေမယ့်လည်း လာမယ့်ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအဖြစ် ဖလူမီးနီးစ်နဲ့ပွဲမှာ မာဒူကီပါဝင်ကစားမယ်လို့ မာရက်စ်ကာက ပြောကြားလိုက်ပါတယ်။
မာဒူကီဟာ ချဲလ်ဆီးအသင်းရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံးကို ပါဝင်ကစားထားပြီး ပြီးခဲ့တဲ့ကွာတားဖိုင်နယ်ပွဲမှာလည်း ဒုတိယပိုင်းမှာ လူစားဝင်ကစားထားပါတယ်။
အာဆင်နယ်ဟာ မာဒူကီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးလို့ ပြီးခဲ့တဲ့အပတ်တုန်းက ရိုမာနိုက အတည်ပြုထားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဈေးကွက်ထဲမှာ တောင်ပံနေရာအတွက် ရှာဖွေနေပြီး အသက် ၂၃ နှစ်သားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အနာဂတ်မသေချာချိန်မှာပဲ မာဒူကီအခြေအနေကို မေးခွန်းထုတ်နေကြပေမယ့် မာရက်စ်ကာက အခုလိုအတည်ပြုလာခဲ့တာဖြစ်ပါတယ်။
“ပုဂ္ဂိုလ်ရေးအရ ပရီးမီးယားလိဂ်မတိုင်ခင် အခုလိုမျိုးဆူညံတာတွေရှိတတ်ပါတယ်။ ကျွန်တော်တို့ သူ့ကို နာရီဝက်လောက်အချိန်ပေးခဲ့သလို သူအရမ်းကောင်းခဲ့ပါတယ်။ သူ့ကိုလိုအပ်ချိန်မှာ ကျွန်တော်ဘာသံသယမှမရှိခဲ့ပါဘူး။
သူက ကျွန်တော်တို့ကို ကူညီသလို အခုလိုဆူညံနေချိန်မှာ သူ့ကိုနားလည်ပေးနိုင်ပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး အဆင်ပြေဖို့ဆိုတာက ခက်ခဲပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ်ရယူနိုင်ခဲ့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားကိုပါ ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အင်္ဂါနေ့မှာ ဖလူမီးနီးစ်နဲ့ နောက်ဆုံး ၄ သင်းအဆင့်ပွဲကန်ရမှာဖြစ်ပါတယ်။