
အန်ဖီးလ်နိုင်ပွဲနဲ့အတူ အမှတ်ပေးချန်ပီယံဆုဆီ ပုံမှန်ချီတက်လာတဲ့ လီဗာပူး
လီဗာပူး ၂-၀ နယူးကာဆယ် (ပွဲပြီးရလဒ်)
အခုအန်ဖီးလ်ကွင်းပွဲစဉ်ရဲ့ပွဲချိန်တလျှောက်လုံးကို အိမ်ရှင်လီဗာပူးကသာ ဦးဆောင်ကစားသွားခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကြိုးကြာနီတွေအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ဆိုဘိုဆလိုင်း၊ ဒုတိယပိုင်းပွဲချိန်အတွင်း မိုဆာလက်ရဲ့ဖန်တီးပေးမှုမှတဆင့် မက်အယ်လစ္စတာတို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ရဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့သရေကျမှုကို အကောင်းဆုံးအသုံးချကာ အမှတ်ပေးဇယားကို တစ်ပွဲပိုကစား၊ ၁၃ မှတ်အသာဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
-----------------
ဘရန့်ဖို့ဒ် ၁-၁ အဲဗာတန်
နော်တင်ဟမ်ဖောရက်စ် ဝ-၀ အာဆင်နယ်
တော့တင်ဟမ် ဝ-၁ မန်စီးတီး
မန်ချက်စတာယူနိုက်တက် ၃-၂ အစ်ဆွစ်ချ်