
လန်ဒန်မြေမှာ ယူနိုက်တက်ကို အကြိတ်အနယ်ကစားပြီး အနိုင်ယူခဲ့တဲ့ တော့တင်ဟမ်
တော့တင်ဟမ် ၁-၀ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်နာမည်ကြီးကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုပီပီ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့် ပေးစွမ်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် တစ်လုံးတည်းသောသွင်းဂိုးကိုတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာ တော့တင်ဟမ်ကွင်းလယ်လူမက်ဒီဆင်က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်တလျှောက်လုံး အပြန်အလှန်ဂိုးကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် နှစ်ဖက်အသင်းဂိုးသမားတွေရဲ့လက်စွမ်းပြကာကွယ်မှုတွေကလည်း ချီးကျူးစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်နိုင်ပွဲနဲ့အတူ အဓိကကစားသမားအချို့ ဒဏ်ရာမှပြန်လာနိုင်ပြီဖြစ်တဲ့ တော့တင်ဟမ်အတွက် ယုံကြည်မှုပိုင်း ပိုမိုအားကောင်းလာနိုင်ပါလိမ့်မယ်။