ဘရူနိုဖာနန်ဒက်စ်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့ နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၂-၁ ရိန်းဂျားစ် (ပွဲပြီးရလဒ်)
ပထမပိုင်းပွဲချိန်အတွင်း ဂိုးပေါက်ပျောက်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကတော့ အဲရစ်ဆင်ရဲ့ထောင့်ကန်ဘောပေးပို့မှုကို ရိန်းဂျားစ်ဂိုးသမားဘတ်လန်းပုတ်ထုတ်ရာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ယူနိုက်တက်တို့ ရရှိခဲ့တာပါ။ ပွဲချိန်နှောင်းပိုင်းမှာတော့ လူစားဝင်တိုက်စစ်မှူးဒက်ဆာစ်က ရိန်းဂျားစ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ သရေရလဒ်နဲ့ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာပဲ ဘရူနိုဖာနန်ဒက်စ်က သရဲနီတွေအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ အိမ်ကွင်းနိုင်ပွဲရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အာမိုရင်ရဲ့အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိဖြတ်သန်းရင်း ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။