The network connection is lost.

Banner Image

ဘာစီလိုနာစတားကို ချီးကျူးလိုက်တဲ့ ရီးရဲလ်ဂန္ထဝင်နည်းပြဟောင်း ဇီဒန်း

ပြင်သစ် နဲ့ ရီးရဲလ်ဂန္ထဝင်ဟောင်း ဇီဒန်းက ဘာစီလိုနာလူငယ်စတား ယာမဲလ်ကို ချီးကျူးပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ ဒီရာသီဘာစီလိုနာအတွက် ဒီရာသီမှာအဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာတင် လာလီဂါ ၊ ကိုပါဒယ်ရေး ၊ စပိန်စူပါဖလားတို့ရယူနိုင်ခဲ့ပါတယ်။

ဖလစ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာပါ အခြေအနေကောင်းခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကို အရေးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။ ဇီဒန်းကလည်း အခုချိန်မှာ သူ့အနေနဲ့ ယာမဲလ်ရဲ့စွမ်ဆောင်ရည်ကို သဘောကျမိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ ဇီဒန်းက “ခင်ဗျားသူကစားတာကို မြင်ချိန်မှာ  ဥပမာ အင်တာနဲ့ဆီမီးဖိုင်နယ်လိုပွဲကလိုမျိုးပေါ့။ ကျွန်တော့်ဘဝမှာ အဲ့လိုမျိုးစွမ်းဆောင်ရည် ဘယ်တုန်းကမှမမြင်ဖူးပါဘူး။ သူ့လိုကစားသမားမျိုးကိုကြည့်ရတာ နှစ်သက်စရာပါ။ ကျွန်တော်တို့အားလုံး သူနဲ့ပတ်သက်ပြီး ပျော်ရပါတယ်။ ဒါကြောင့် ဒီလိုလူငယ်ကစားသမားတွေကို ကြည့်ဖြစ်ပါတယ်။ လာမိုင်းက ကြည့်သင့်တဲ့ကစားသမားတွေထဲကတစ်ယောက်ပါ”လို့ ဇီဒန်းက ဖြေကြားခဲ့ပါတယ်။

တစ်ရာသီအတွင်း ၁၈ ဂိုးသွင်း ၊ ၂၅ ဂိုးဖန်တီးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာဟာ ယာမဲလ်ကို ၂၀၃၁ အထိ ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပါတယ်။ ဆယ်ကျော်သက်စတားရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ၂၀၂၅ ဘော်လွန်းဒီအော်ဆုကိုရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ တကယ်လို့ ဘော်လွန်းဒီအော်ဆုရယူနိုင်မယ်ဆိုရင် သူ့ရဲ့စာချုပ်ထဲမှာ ဘောနပ်စ်ပါထည့်သွင်းလာရဖို့ရှိနေပါတယ်။

“ကျွန်တော်နည်းပြလုပ်ဖို့ ၁၀၀% အဆင်သင့်ဖြစ်နေပါပြီ။ မှန်ပါတယ်။ အဲ့တာက စိတ်ဆန္ဒတစ်ခုပါ။ ဒါပေမယ့် နည်းပြတစ်ဦးရှိနေတဲ့အသင်းဖြစ်နေရင် ကျွန်တော်တို့ လေးစားမှုရှိရပါမယ်။ ဒါပေမယ့် အချိန်တစ်ခုရောက်လာရင် အခွင့်အရေးရလာရင်တော့ အဲ့တာက ကြီးမားတဲ့ကျေနပ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်”လို့ ဇီဒန်းက နည်းပြအလုပ်အကြောင်း ပြောကြားလာခဲ့ပါတယ်။