The network connection is lost.

Banner Image

အေစီမီလန်ကိုပြောင်းဖို့ လမ်းဖွင့်ထားတဲ့ အာဆင်နယ်စတား

သတင်းတွေအရ အေစီမီလန်အသင်းဟာ သီယိုဟာနန်ဒက်ဇ်နေရာအတွက် အာဆင်နယ်စတား ဇင်ချန်ကိုနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အေစီမီလန်ဟာ သီယိုဟာနန်ဒက်ဇ်နေရာအတွက် ကစားသမားသစ်ရှာဖွေနေပြီး ဇင်ချန်ကိုကို ကနဦးချိတ်ဆက်နေတာဖြစ်ပါတယ်။

မန်စီးတီးစတားဟောင်းဘက်ကလည်း အာဆင်နယ်မှာနေရာမရတာကြောင့် မီလန်အသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး ပေါင် ၁၇ သန်းလောက်နဲ့ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့် ယူကရိန်းသားရဲ့လုပ်ခလစာများပြားနေမှုက အေစီမီလန်အတွက် အခက်အခဲဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာ မီလန်အသင်းဟာ ဇင်ချန်ကိုအပြင် ဘရုဂျက်စတား ဒီကူပါးကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးအခြေအနေကြောင့် လုပ်ခလစာအများအပြားမပေးချင်ဖြစ်နေပြီး လုပ်ခလစာနည်းပါးတဲ့ကစားသမားကိုသာ ခေါ်ယူဖွယ်ရှိနေပါတယ်။ အသက် ၂၈ နှစ်သားဟာ မန်စီးတီးမှာကော အာဆင်နယ်မှာပါ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပွဲထွက်ခွင့်မိနစ်ကန့်သတ်ချက်ရှိခဲ့ပေမယ့် မီလန်အသင်းမှာ ဟာနန်ဒက်ဇ်နေရာကို အစားဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။  ဇင်ချန်ကိုကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပေမယ့် လုပ်ခလစာအပိုင်းကို အဓိကထားညှိနှိုင်းနေရတာဖြစ်ပြီး အဆင်ပြေခဲ့ရင် ကာလရှည်စာချုပ်ချုပ်မှာဖြစ်ပါတယ်။