The network connection is lost.

ဘာသာစကားအခက်အခဲကြောင့် ယူနိုက်တက်ကို ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောလာတဲ့ ဇီဒန်း

ဂန္တဝင်ကစားသမားဟောင်းကြီး ဇီဒန်းက ၂၀၂၁ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာပြီး အသင်းလက်မဲ့ဖြစ်နေတာ ကြာပြီဖြစ်ပေမယ့် ယူနိုက်တက်ကို ကိုင်တွယ်မှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဇီဒန်းဟာ ယူနိုက်တက်နည်းပြရာထူးအတွက် အမြဲလိုလို သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ နည်းပြသစ်ဖြစ်လာခြင်း မရှိခဲ့ပါဘူး။

 

ဘောလုံးမှာက အချိန်ခဏအတွင်းမှာတင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပြီး လက်ရှိ နှစ်ပွဲဆက် ရှုံးထားတဲ့ ယူနိုက်တက်အသင်းနဲ့ ဇီဒန်းတို့ရဲ့သတင်းတွေကလည်း ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဇီဒန်းကတော့ ဘာသာကစားအခက်အခဲနဲ့ အတားအဆီးကြောင့် ပရီးမီးယားလိဂ်ထံ လာရောက်နည်းပြမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

ဇီဒန်းက “ယူနိုက်တက်ကို သွားရောက်ကိုင်တွယ်မလားဆိုတဲ့ မေးခွန်းကို ဖြေရရင် ကျွန်တော်က အင်္ဂလိပ်ကစားနားလည်ပေမယ့် ကျွမ်းကျွမ်းကျင်ကျင်ကြီး ပြောတတ်တာမျိုးမဟုတ်ပါဘူး။

အင်္ဂလိပ်စကားမပြောတတ်ဘဲ နည်းပြတက်လုပ်နေကြသူတွေ အများအပြားရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ကွဲပြားပါတယ်။

အားလုံးက အောင်မြင်မှုတွေရနိုင်ဖို့ ကစားနေကြတာပါ။ ဒါက တစ်ကမ္ဘာလုံးအတွက် တူတူပါပဲ။ အောင်မြင်မှုတွေရဖို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။