အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ ကွန်ဟာနှင့်ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ ဝုဗ်
ကွန်ဟာဆိုတာ ယခုရာသီတွင် ဝုဗ်ရဲ့ထူးချွန်ထက်မြက်သော ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ၁၀ ဂိုးသွင်း ၄ ဂိုးဖန်တီးမှုပြုလုပ်ကာ ယူနိုက်တက်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ဘောက်ဆောင်ဒေးကပွဲမှာ ကောင်းမွန်တဲ့ပြသမှုတစ်ခုနှင့်အတူ နောက်ထပ်အထင်ကြီးစရာ တစ်ခုဖြစ်ခဲ့ပါတယ်။ အာတီတာဟာ လာမည့်အပြောင်းအရွှေ့တွင် တိုက်စစ်အားကောင်းလာစေရန်အတွက် ပြုလုပ်လိုနေပြီး ဝုဗ်က ကွန်ဟာရဲ့ စွမ်းဆောင်ရည်တွေကို အာဆင်နယ်က အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဝုဗ်သို့ ယူရို သန်း ၅၀ (ပေါင် ၄၄ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ချိတ်ဆက်လျှက်ရှိပါတယ်။ ယခုလအစောပိုင်းက နည်းပြအဖြစ် ဂယ်ရီအိုနေးလ်ရဲ့နေရာတွင် အစားထိုးဝင်ရောက်လာပြီးနောက် ဝုဗ်အား ဆက်တိုက်အနိုင်ရအောင် လမ်းညွှန်ခဲ့သူ ပါရဲယားက ကွန်ဟာ ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာရန် ထောက်ခံခဲ့ပြီး ဘရာဇီးတိုက်စစ်မှူးကို ကလပ်တွင် ဆက်ရှိနေရန် ဆန္ဒရှိနေပါတယ်။
"ကျွန်တော့်အမြင်အရတော့ သူက ဒီလိဂ်မှာ အဆင့်အတန်းမြင့်တဲ့ ကစားသမားတစ်ယောက်ပါ" လို့ ပါရဲယားက Amazon Prime သို့ ပြောကြားခဲ့ပါတယ်။ ကွန်ဟာက အခြားကလပ်တစ်ခုသို့ ပြောင်းရွှေ့နိုင်မလားလို့ မေးတဲ့အခါတွင် ပါရဲယားက "ကျွန်တော်မမျှော်လင့်ပါဘူး။ ကျွန်တော်သူ့ကို လိုအပ်နေလို့ အဲ့လို့တော့ မမျှော်လင့်မိပါဘူး" လို့ ဆိုပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွန်ဟာကို ထိန်းသိမ်းထားရန် အရေးကြီးလားလို့ မေးမြန်းတဲ့အခါ ပါရဲယားက "ဟုတ်ပါတယ်၊ ခင်များပြောတာ သဘောတူပါတယ်။ သူ့အရည်အသွေးကို ကျွန်တော်တို့ လိုအပ်တယ်" လို့ ဖြေပါတယ်။ စပိန်ကလပ် ဆဲလ်တာဗီဂိုကနေ ဝုဗ်မှာ အငှားကစားနေတဲ့ လာဆင်ကလည်း ကွန်ဟာကို အသင်းတွင် ဆက်ထိန်းထားရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
"သူဘယ်လောက်ကောင်းလဲဆိုတာကို ကြားရမှာဖြစ်တဲ့အတွက် ပွဲကစားချိန်တိုင်း သူ့ကိုပြောပြဖြစ်ပါတယ်"
"သူက အံ့ဩစရာကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်နဲ့ ကစားဖူးသမျှထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်"
"သူက အရမ်းတော်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို အသင်းမှာ အကြာကြီး ထိန်းထားနိုင်မယ်လို့ မျှော်လင့်တယ်" လို့ လာဆင်က ယူနိုက်တက်ကို အနိုင်ရပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။