ရီးရဲလ်အသင်းက ချိတ်ဆက်နေတဲ့အပေါ် တုံ့ပြန်လာတဲ့ ဆာလီဘာရဲ့အေးဂျင့်
ဆာလီဘာရဲ့အေးဂျင့်ဖြစ်သူကတော့ မက်ဒရစ်အသင်းက ချိတ်ဆက်နေတဲ့အပေါ် အပေါင်းလက္ခဏာဆောင်တဲ့အနေအထားနဲ့ တုံ့ပြန်လာပါတယ်။ အသက် ၂၃ နှစ်သားဟာ အာဆင်နယ်အသင်းထံ ၂၀၁၉ တုန်းက ပြောင်းရွှေ့လာခဲ့ပြီးနောက် ဥရောပရဲ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။
အဲ့အချိန်ကတည်းက ဆာလီဘာဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၂၀၂၀ နဲ့ ၂၀၂၃ မှာ ကွန်မြူနတီဖလားတွေရယူနိုင်ခဲ့ပါတယ်။ မက်ဒရစ်အသင်းကတော့ ဆာလီဘာကို ချိတ်ဆက်နေပေမယ့် အာဆင်နယ်ဘက်က ပီအက်စ်ဂျီရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
စပိန်သတင်းဌာန စပေါ့တ်ရဲ့အဆိုအရ မက်ဒရစ်ဟာ ဆာလီဘာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး တကယ်လို့ခေါ်ယူချင်တယ်ဆိုရင် စံချိန်ချိုးဖျက်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မက်ဒရစ်ဟာ နောက်တန်းနေရာအတွက် အာနိုးလ်အပြင် ဘိုင်ယန်စတား အယ်လ်ဖွန်ဆိုဒေးဗီးစ်ကိုလည်း ချိတ်ဆက်နေပါတယ်။
အာဆင်နယ်ဘက်က ဆာလီဘာကို ရောင်းချမှာမဟုတ်ပေမယ့် ကစားသမားရဲ့တာဝန်ရှိသူတွေဘက်က အပေါင်းလက္ခဏာဆောင်တဲ့အပြုအမူကိုတော့ မက်ဒရစ်အနေနဲ့ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ မက်ဒရစ်အနေနဲ့ ဆာလီဘာကိုခေါ်ယူဖို့ ပေါင် ၈၃ သန်းလောက်အသုံးပြုရနိုင်တယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ ဆာလီဘာတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။ ဆာလီဘာဟာ ဘာပေရဲ့ဖခင်ဖြစ်သူ ဝီလ်ဖရက်ဒ်ဘာပေနဲ့ လူငယ်ဘဝက ရင်းနှီးခဲ့တာဖြစ်ပါတယ်။
၂၀၂၃ တုန်းက အင်တာဗျူးမှာ ဆာလီဘာက ဘာပေရဲ့ဖခင်ဟာ သူ့အပေါ်လွှမ်းမိုးမှုရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။အောက်တိုဘာတုန်းကလည်း ဆာလီဘာကို ရီးရဲလ်နောက်ခံလူ ရူဒီဂါက ချီးကျူးခဲ့သေးတာဖြစ်ပါတယ်။ လာမယ့်နွေမှာတော့ ရီးရဲလ်အနေနဲ့ ဆာလီဘာကို အရခေါ်ယူဖို့ ပြင်ဆင်လာနိုင်ပြီး အာဆင်နယ်အနေနဲ့ ဆက်ထိန်းနိုင်ဖို့ ကြိုးစားရဖွယ်ရှိနေပါတယ်။