The network connection is lost.

Banner Image

လီဗာပူးအသင်းနဲ့အနာဂတ်အကြောင်း စိုးရိမ်စရာထုတ်ပြောလာတဲ့ ဗန်ဒိုက်

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ မသိသေးကြောင်း စိုးရိမ်စရာထုတ်ပြောလာပါတယ်။တော့တင်ဟမ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ အရေးပါတဲ့ဂိုးတစ်ဂိုးကို ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီရာသီစွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ဗန်ဒိုက်ရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ လက်ရှိလီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တက်ထားနိုင်ခဲ့ပါတယ်။

နယ်သာလန်သားကတော့ သူ့အနေနဲ့ ထိပ်တန်းအဆင့်မျိုးမှာဆက်ကစားနိုင်ဖို့ ရည်မှန်းထားကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။လီဗာပူးပရိသတ်တွေကလည်း ဗန်ဒိုက်ကို အသင်းမှာဆက်ရှိနေဖို့ အလိုရှိနေကြပါတယ်။  ကာရာဘောင်နိုင်ပွဲအပြီးမှာ ဗန်ဒိုက်က သူ့အနာဂတ်နဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခံစားချက်ကောင်းနေပါတယ်။ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။ တခြားသူတွေသိတယ်ဆိုတာက မှားယွင်းနေပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိနေပေမယ့် လီဗာပူးအသင်းဟာ လာမယ့်ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပလိုင်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။