The network connection is lost.

Banner Image

ဝေဖန်မှုတွေကို ပြင်းထန်တဲ့မက်ဆေ့ချ်နဲ့တုံ့ပြန်လိုက်တဲ့ ရီးရဲလ်စတား

ဖီဖာကချီးမြှင့်တဲ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်စတား ဗင်နီတစ်ယောက် ဝေဖန်မှုတွေကို ပြင်းထန်တဲ့မက်ဆေ့ချ်နဲ့ တုံ့ပြန်လိုက်ပါတယ်။ ဘရာဇီးသားဟာ လာလီဂါ နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂ လတုန်းက ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ရိုဒရီရဲ့ကျော်တက်ခြင်းခံခဲ့ရပြီး အဆိုပါဆုနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ဗင်နီ နဲ့ ရီးရဲလ်အသင်းဟာ ဘော်လွန်းဒီအော်ဆုပေးပွဲကို မတက်ရောက်ဖို့ သပိတ်မှောက်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဖီဖာအကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပြီးနောက် အသက် ၂၄ နှစ်သားက လူမှုမီဒီယာပေါ်က ဝေဖန်မှုတွေကိုရှည်လျားတဲ့မက်ဆေ့ချ်နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ဒီနေ့မှာ ဒီဆုကိုရယူနိုင်ခဲ့တဲ့ကစားသမားတော်တော်များများနဲ့အတူ ကောင်လေးတစ်ယောက်ဆီကိုရေးသားချင်ပါတယ်။ ခင်ဗျားအချိန်ရောက်လာခဲ့ပါပြီဆိုပြီးပေါ့။ ဒါမှမဟုတ် ကျွန်တော့်အချိန်ရောက်လာပြီဆိုတော့ ပြောဖို့အချိန်ကျပါပြီ။ မှန်ပါတယ်။ ကျွန်တော်က လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ အဲ့တာအတွက် ကျွန်တော် တိုက်ခိုက်ခဲ့ရပါတယ်။ သူတို့ ကျွန်တော့်ကို နာမည်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့အဆင်သင့်မဖြစ်သေးပါဘူး။

ဘာကိုတိုက်ခိုက်သင့်တယ်။ ဘာရှိသင့်တယ်ဆိုတာကို ဘယ်သူမှကျွန်တော့်ကိုပြောစရာမလိုပါဘူး။ ကျွန်တော် ဂွန်ကာလိုမှာတုန်းက နည်းစနစ်ကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ကျွန်တော် အကုန်နီးပါးနောကြေနေခဲ့ပါပြီ။ ကျွန်တော် အနိုင်ရခဲ့ပြီး မိသားစုအတွက်ပါအနိုင်ရခဲ့ပါတယ်။ အခုလိုမျိုး ရှည်လျားတဲ့အနေအထားတစ်ခုမှာ အားပေးကူညီခဲ့ကြတဲ့ များစွာသောအသင်းဖော်တွေအပြင် တစ်နေ့ချင်းမှာကူညီခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အခုကျွန်တော် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပါပြီ”လို့ ဗင်နီက တင်ခဲ့ပါတယ်။

ဘရာဇီးသားရဲ့ရီးရဲလ်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အင်တာကွန်တီနယ်ဖိုင်နယ်ပွဲအဖြစ် ပါချူကာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။