The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲအတွက် အသင့်ပြင်ထားရမယ်လို့ ဘိုင်ယန်အသင်းသားတွေကို သတိပေးလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဖလာမင်ဂိုကို အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ အဆင်သင့်ပြင်ထားဖို့လိုအပ်ကြောင်း အသင်းသားတွေကို သတိပေးပြောကြားလာခဲ့ပါတယ်။ ဖလာမင်ဂိုကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ၄-၂ နဲ့အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ တစ်ဖက်က အင်တာမီယာမီကို ၄-၀ နဲ့သက်တောင့်သက်တာကျော်ဖြတ်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားခဲ့တဲ့ ပီအက်စ်ဂျီဟာ ဘိုင်ယန်မြူးနစ်အတွက် လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်လာဖို့မရှိဘဲ အနိုင်ရလဒ်ရရှိဖို့ အတော်လေးရုန်းကန်သွားရမှာဖြစ်ပါတယ်။  ဒါကြောင့် ဖလာမင်ဂိုနဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ကွန်ပနီက "ဒီပွဲအတွက် ဘာတွေလိုအပ်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ လောလောဆယ်အရေးကြီးတာက အနားယူဖို့ပါပဲ။ အားအင်တွေပြန်လည်ဖြည့်တင်းပြီး ပီအက်စ်ဂျီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့ ၂ သင်းစလုံးက ထိပ်တန်းအဆင့်တွေမှာကစားနေတဲ့အသင်းတွေပါ။ ဒါကြောင့် အနိုင်ရလဒ်အတွက် အကောင်းဆုံးပြင်ဆင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဲဒီတုန်းကတော့ ဘိုင်ယန်မြူးနစ်က ၁-၀ နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိပီအက်စ်ဂျီရဲ့ခြေစွမ်းအရ ဘိုင်ယန်မြူးနစ်အနေနဲ့ အနိုင်ရလဒ်ကို ထပ်မံပုံဖော်သွားနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။