The network connection is lost.

Banner Image

မိမိတို့အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတယ်လို့ ဗီလာနည်းပြ အမ်မရီ ပြောကြား

အက်စ်တွန်ဗီလာနည်းပြ အမ်မရီက မိမိတို့အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတယ်လို့ ပြောကြားလိုက်ပြီး အဓိက ကစားသမားတော်တော်များများကို လက်လွှတ်ထားရပါတယ်။
 
ဗီလာဟာ ဘွမ်ဒီယာ ၊ တိုင်ရွန်မင်းစ်တို့ကို လက်လွှတ်ထားခဲ့ရသလို အခုလည်း ကာမာရာတစ်ယောက် ပြင်းထန်တဲ့ဒူးအရွတ်ကြောပြတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရမ်ဆေး ၊ မိုရီနို ၊ တောရက်စ် ၊ တိုင်လီမန်းစ် ၊ ဒစ်ဂ်နီ နဲ့ ဒီယေဂိုကားလို့စ်တို့လည်း ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။
 
ကာမာရာက ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လာမယ့်အပတ် လိုင်ယွန်မှာ ခွဲစိတ်မှုခံယူမှာဖြစ်ပါတယ်။ အမ်မရီကတော့ အခုအခြေအနေဟာ နည်းပြဘဝနှစ် ၂၀ အတွင်း ပထမဆုံး အတွေ့အကြုံဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
 
“ဒီလိုဖြစ်တဲ့အချိန်ကို မမှတ်မိတော့ပါဘူး။ အဲ့တာက ဆင်ခြေပေးရမယ့်ဟာ မဟုတ်ပါဘူး။ ဒဏ်ရာပြဿနာတွေက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ အဲ့တာကို အမြဲတမ်းလက်ခံရမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်က ဆိုးဝါးပါတယ်။ ကျွန်တော်တို့က လူသားတွေဖြစ်သလို ကစားသမားတွေကို အားပေးရမှာပါ။ အထူးသဖြင့် အရွတ်ကြောဒဏ်ရာရတဲ့သူတွေကိုပါ။ အဲ့တာက သူတို့အတွက်ကော သူတို့မိသားစုအတွက်ပါ ဆိုးဝါးတဲ့အခိုက်အတန့်ပါ။ နေ့တိုင်း ကျွန်တော် တိုင်ရွန် ၊ အီမီလီနိုတို့နဲ့ တွေ့ဆုံသလို အခုလည်း ကာမာရာနဲ့တွေ့ရပါမယ်။ သူတို့အခု ဘောလုံးမကန်နိုင်ပါဘူး။ ဒါပေမယ့် သူတို့အသန်မာဆုံးပြန်လာနိုင်အောင် အမြဲတမ်းလုပ်ဆောင်ပါတယ်။ နည်းပြအနေနဲ့ အခုလိုအခြေအနေမျိုးမရှိခဲ့ဖူးပါဘူး။ ရီးရဲလ်မှာလည်း အခုလိုမျိုးအခြေအနေရှိတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုအနေအထားကို လက်ခံပြီး ဆက်သွားရမှာပါ။ ကျွန်တော်တို့ အကောင်းမြင်ပြီး ကစားသမားတွေကို အားပေးသွားမှာပါ။ အခြားဒဏ်ရာရကစားသမားတွေက အဆင်ပြေပါတယ်။ ဒူးဒဏ်ရာက မတူညီပါဘူး။ ဒါပေမယ့် သူတို့သက်သာအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကျွန်တော်အသက် ၂၀ တုန်းက ဒီလိုဒဏ်ရာမျိုးရဖူးပါတယ်။ အဲ့တာက ကျွန်တော့်ကစားသမားဘဝကို ခက်ခဲစေပါတယ်။ ဒါကြောင့် ဘယ်လိုအနေအထားလဲဆိုတာ သိပါတယ်။ ဘောလုံးမှာက အန္တရာယ်များတာတွေရှိစမြဲပါ”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။