
ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားအသစ်
အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်က လန်ဒန်မြေကိုပြောင်းရွှေ့လာခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီး စပို့တင်းကို မလေးစားသလို မလုပ်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ အခုနွေရာသီမှာ စပို့တင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ အတော်လေးစောင့်ဆိုင်းခဲ့ရသလို တွန်းအားပေးခဲ့ရတာဖြစ်ပါတယ်။
ဆွီဒင်သားကို အသင်းဟောင်းပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် အခုချိန်မှာ သူ့ကိုယ်သူပြန်လညကာကွယ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး စပို့တင်းပရိသတ်တွေဘာတွေပြောနေကြလဲဆိုတာ စဉ်းစားမရဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ထံပြောင်းရွှေ့ဖို့ ညှိနှိုင်းနေချိန်မှာ ယိုကရက်စ်တစ်ယောက် အားလပ်ရက်ကို ထပ်တိုးခဲ့တယ်လို့တော့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“သူတို့အခြေအနေတွေကိုအားလုံးမသိပဲ ပြောနေကြတဲ့သူတွေအများကြီးရှိနေပါတယ်။ လူတိုင်းက သူတို့အမြင်ကိုပြောခွင့်ရှိပါတယ်။ ဒါပေမယ့် အဲ့တာက လူတိုင်းကိုကျေနပ်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော် လူတွေကိုအမှန်တကယ်ဘာတွေဖြစ်ခဲ့လဲဆိုတာကို သက်သေပြဖို့လိုအပ်တယ်လို့ မခံစားရပါဘူး။ အဲ့တာက ခက်ခဲပါတယ်။ ကျွန်တော်တို့ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် အချိန်ကိုက်ပြီးဆုံးခဲ့လို့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော် ရာသီကြိုခရီးစဉ်မှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ မှန်ပါတယ်။ ဘယ်လိုအဆုံးသတ်လဲဆိုတာက ပြောရရင် ရှက်စရာပါ။
တစ်ချို့အချိန်တွေမှာ ဘဝကအဲ့လိုပါပဲ။ ကျွန်တော်ဆွေးနွေးမှုတွေပြုလုပ်ချိန်မှာ အားလပ်ရက်ကို ဆက်တိုးခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့်ပြန်မလာလဲဆိုတဲ့ အသေးစိတ်ကိုမပြောချင်ပါဘူး”လို့ ယိုကရက်စ်က ပြောကြားခဲ့ပါတယ်။ ယိုကရက်စ်ဟာ လာမယ့် ဆလိုဗေးနီးယား ၊ ကိုဆိုဗိုတို့နဲ့ပွဲတွေမှာ ဆွီဒင်အတွက် ပါဝင်ကစားဖွယ်ရှိနေပါတယ်။