
လီဗာပူးအသင်းနဲ့စာချုပ်သစ်အခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဗန်ဒိုက်
လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ နယ်သာလန်သားဟာ နွေရာသီအတွက် ကြိုတင်ပြင်ဆင်နေပြီး လက်ရှိမှာ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။
ဗန်ဒိုက် နဲ့ လီဗာပူးအသင်းတို့ကြား စာချုပ်သက်တမ်းက နွေရာသီမှာကုန်ဆုံးမှာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က အန်ဖီးလ်မှာပဲ ဆက်နေဖွယ်ရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း လီဗာပူးအသင်းဟာ အဓိကကစားသမား ဆာလက်ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲသာကျန်တော့တဲ့အနေအထားမှာ လီဗာပူးအနေနဲ့ ၆ မှတ်သာလိုအပ်တော့တာဖြစ်ပြီး တကယ်လို့ အာဆင်နယ်အနေနဲ့ အစ်ဝှစ်တောင်းကိုအရေးနိမ့်ကာ လီဗာပူးက လက်စတာကိုအနိုင်ရခဲ့ရင် အခုအပတ်မှာတင် ချန်ပီယံဆုကိုရရှိမှာဖြစ်ပါတယ်။ “လီဗာပူးက လာမယ့်နှစ်တွေမှာလည်း ချန်ပီယံဆုဖလားတွေစိန်ခေါ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာတွေပဲဖြစ်လာလာ အခုနွေရာသီက ကြီးမားတဲ့နွေရာသီဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။
လီဗာပူးဘက်ကလည်း ကြီးမားတဲ့နွေရာသီအတွက် ပြင်ဆင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဘုတ်အဖွဲ့ဝင်တွေကို ယုံကြည်ပါတယ်။ အခုအပတ်မှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ပွဲစဉ်တွေကို အာရုံစိုက်ရပါမယ်။ ပြီးခဲ့တဲ့အင်တာဗျူးတွေမှာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လက်စတာနဲ့ပွဲကို အာရုံစိုက်ရမှာပါ။ ဒါပေမယ့် သတင်းအချို့လည်း ရှိလာနိုင်ပါတယ်။ ကျွန်တော် မသိပါဘူး”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာနဲ့ပွဲမှာ ချန်ပီယံဖြစ်နိုင်ဖို့ မျှော်လင့်နေပြီး ယူနိုက်တက်ရဲ့လိဂ်ဖလားအလုံး ၂၀ ရရှိထားတဲ့စံချိန်ကို လိုက်မီနိုင်တော့မှာဖြစ်ပါတယ်။