The network connection is lost.

Banner Image

ချဲလ်ဆီးနည်းပြဟောင်း တူချယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ချဲလ်ဆီးနည်းပြဟောင်း တူချယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အဲရစ်တန်ဟက်အတွက် အဆုံးအဖြတ်ပေးမယ့်ပုံပေါ်နေပါတယ်။ သရဲနီတွေဟာ ၂၀၂၃-၂၄ ရာသီအကုန်မှာ အက်ဖ်အေဖလားကို ရရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် နယ်သာလန်သားနည်းပြနဲ့ လမ်းမခွဲသေးတာဖြစ်ပါတယ်။

တန်ဟက်က လက်ရှိတွင် အသင်းကို ဦးဆောင်နေသော်လည်း အနာဂတ်အတွက်က မေးခွန်းထုတ်မှုများစွာရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါဘီလူးကြီး ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် တူချယ်နှင့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်မ်ရက်ဖ်ကလစ်ဟာ မိုနာကိုမှာတွေ့ဆုံခဲ့ကြေကာင်း BILD ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် တန်ဟက်ရဲ့ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖို့က မဝေးကွာတော့တာဖြစ်ပါတယ်။

တူချယ်ဟာ ယူနိုက်တက်အတွက် သူ့ရဲ့အစီအစဉ်များကို ရက်ဖ်ကလစ်ကို အသိပေးခဲ့တယ်လို့ ပြောလို့ရပါတယ်။ ထိုဆွေးနွေးမှုတွင် ဂျာမန်လူမျိုးနည်းပြဟာ မေဆင်မောင့်နှင့် ဆန်ချိုတို့ကဲ့သို့ ပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ရှင်းပြတာကို မြင်တွေ့ခဲ့ရပြီး လက်ရှိရီးရဲလ်နောက်ခံလူ ရူဒီဂါအား ကစားသမားများ တိုးတက်လာပုံကို နမူနာအဖြစ် သူ့ရဲ့ကစားသမားတွေအား ပျိုးထောင်နိုင်စွမ်းကို ထောက်ပြခဲ့ပါတယ်။

တူချယ်ဟာ ချဲလ်ဆီးနှင့်အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှိစဉ်အတွင်း အမှတ်ရစရာချန်ပီယံလိဂ်ဖလားရရှိဖို့ ဦးဆောင်ခဲ့သလို ဘိုင်ယန်မြူးနစ်၊ ပဲရစ်စိန့်ဂျာမိန်းတို့နဲ့အတူ ပြည်တွင်းဆုဖလားတွေကို ဆွတ်ခူးခဲ့ပါတယ်။ ကိန်းနှင့် ဘိုင်ယန်မြူးနစ်အသင်းသားတွေကို ၂၀၂၃-၂၄ ရာသီတွင် အဓိကဆုဖလားရရှိဖို့ ဦးဆောင်ရန် ပျက်ကွက်ပြီးနောက် နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။