The network connection is lost.
အာဆင်နယ်အသင်းဟာ ၂၀၁၀ နောက်ပိုင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို မတက်ရောက်နိုင်သေးပဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို မတက်ရောက်နိုင်တာ ၇ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောင်းရာသီနားရက်ပြီးကတည်းက အာဆင်နယ်ဟာ ၅ ပွဲဆက်အနိုင်နဲ့အတူ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။
ဒီရာသီချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေပြီး ဝင်ဘာလေမှာ ချန်ပီယံဆုရယူချင်နေပါတယ်။ “လန်ဒန်မှာ အဆိုပါဆုဖလားကို ရယူနိုင်မယ်ဆိုရင် အဲ့တာက ကြီးမားတာဖြစ်လာမှာပါ။ အဲ့နေရာမှာ ကျွန်တော်တို့ ဆုဖလားကိုင်မြှောက်ချင်တဲ့အိပ်မက်ရှိပါတယ်။ အဲ့မတိုင်ခင် ကျွန်တော်တို့လုပ်ရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ ကြီးမားတဲ့အတားအဆီးရှိနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ “ချန်ပီယံလိဂ်အတွေ့အကြုံနည်းပါးနေသေးတာဖြစ်ပေမယ့် စပိန်သားက မိမိတို့လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အဲ့တာက ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာရှိနေသင့်တယ်လို့ ခံစားရပါတယ်။ ဒီလိုပွဲမျိုးရောက်ဖို့ ကျွန်တော်တို့ ၇ နှစ်စောင့်ခဲ့ရသလို နောက်တစ်ဆင့်မတက်နိုင်တာ ၁၄ နှစ်ရှိနေပါပြီ။ အဲ့တာက စိန်ခေါ်မှုပါ။ ကျွန်တော်တို့ ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ဖို့ စိတ်လှုပ်ရှားနေပါပြီ။ ယုံကြည်မှုအပြည့်နဲ့ဆက်သွားနိုင်မယ်လို့ ထင်ပါတယ်။
အဲ့တာက သေချာပါတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံနည်းပါးနေပါသေးတယ်။ ဒီရာသီမှာ ၉၅% လောက်သောကစားသမားတွေက မကစားရပါဘူး။ သူတို့ ၁၆ သင်းအဆင့်မှာ ဘယ်တုန်းကမှ မကစားဖူးပါဘူး။ ကျွန်တော်လည်း နည်းပြတစ်ဦး အနေနဲ့ အဲ့အဆင့်အထိ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်မယ့် စိတ်ခွန်အားရှိနေပါတယ်။ ဒီအဆင့်မှာရှိနေသင့်တယ်ဆိုတဲ့ လုံလောက်တဲ့သက်သေပြမှုလည်း ပြသဖို့ စိတ်အားထက်သန်မှုရှိပါတယ်။ အဲ့တာက ကျွန်တော်တို့ တောင့်တနေတဲ့အရာဖြစ်သလို မနက်ဖြန်ပွဲကိုလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ကစားမှာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။