The network connection is lost.

Banner Image

ဟူဂိုအီကီတီကီကို လက်ရွေးစင်အသင်းမှာ ဘာကြောင့်မရွေးချယ်တာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဒက်စ်ချမ့်စ်က အခုလာမယ့်နိုင်ငံတကာသီတင်းပတ်အတွက် အသင်းလူစာရင်းမှာ ဟူဂိုအီကီတီကိုချန်လှပ်ခဲ့ရခြင်းအကြောင်းရင်း ဘာဖြစ်မလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ ဒက်စ်ချမ့်စ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ပြင်သစ်လက်ရွေးစင်ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်ရာမှာ အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူးကို ချန်လှပ်ထားမယ်လို့ အတည်ပြုလာပြီးနောက် လီဗာပူးမှာခြေစွမ်းပြနေတဲ့ ဟူဂိုအီကီတီကီအတွက် နောက်ထပ်ထိတ်လန့်ဖွယ်စိတ်ပျက်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

လတ်တလောသတင်းစာရှင်းလင်းပွဲမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြက တိုက်စစ်ပိုင်းအတွက် လူရွေးချယ်ထားပြီး အီကီတီကီကိုတော့ စောင့်ကြည့်နေခြင်းသာဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒက်စ်ချမ့်စ်က “ အီကီတီကီကို ဖရန့်ဖတ်မှာကတည်းက ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ပါတယ်။ သူ့အတွက် အရမ်းကောင်းတဲ့ဘောလုံးရာသီတစ်ခု ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့အတွက် ပိုကောင်းပါတယ်။

အီကီတီကီရှိလာတာ အရမ်းကောင်းပြီး ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြိုင်ဆိုင်မှုလည်း ရှိပါတယ်။ ကျွန်တော်က ကစားသမားတွေအများကြီးစုဆောင်းနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေနိုင်မယ့် အလားအလာတွေ ပိုင်ဆိုင်ထားပါတယ်”လို့ ဆိုပါတယ်။

ဒက်စ်ချမ့်စ်က သူ့အသင်းတိုက်စစ်ပိုင်းအတွက် ရီးရဲလ်မက်ဒရစ်ရဲ့အမ်ဘာပေ၊ ပီအက်စ်ဂျီရဲ့ဒမ်ဘီလီနဲ့ အင်တာမီလန်ရဲ့မားကပ်စ်သူရမ်တို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် ချာကီ၊ အိုလီစီနဲ့ ပီအက်စ်ဂျီအတွဲဖြစ်တဲ့ ဒူယေးနဲ့ ဘာကိုလာတို့ကလည်း ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအားကိုးနိုင်မယ့် တိုက်စစ်ပိုင်းရွေးချယ်မှုတွေထဲမှာ ပါဝင်နေပါတယ်။

အီကီတီကီအတွက်တော့ လီဗာပူးနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ပြီးနောက် မျိုသိပ်ရခက်ခဲတဲ့ဝေဒနာတစ်ခုနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ ဒါပေမယ့် အန်ဖီးလ်ကလပ်နဲ့ အန်းစလော့အတွက် အနည်းဆုံးတော့ နိုင်ငံလက်ရွေးစင်တာဝန်ထမ်းဆောင်ပြီး ဒဏ်ရာရလာနိုင်တဲ့ ကစားသမားတစ်ဦး လျော့ကျသွားခဲ့ပါပြီ။