The network connection is lost.

Banner Image

တန်ဟက်ကို ဆန်ချိုဘာကြောင့်မတောင်းပန်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်လက်ထောက်နည်းပြ

မန်ချက်စတာယူနိုက်တက် လက်ထောက်နည်းပြ ဘန်နီမက္ကာသီက ဘာကြောင့် အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ နည်းပြချုပ် အဲရစ်တန်ဟက်ကို တောင်းပန်ဖို့ ဘာကြောင့်ငြင်းဆန်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဆန်ချိုဟာ တန်ဟက်နဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့ပြီးနောက် ယူနိုက်တက်မှာ ပွဲထွက်ကစားခွင့်မရခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်သို့ အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 
 
တန်ဟက်က ဆန်ချိုကို လူသိရှင်ကြား ဝေဖန်ခဲ့သလို အင်္ဂလန်သားကလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် “သူများပြောတာတွေ အားလုံးကို မယုံကြပါနဲ့။ ကျွန်တော်ကတော့ လူတွေပြောတဲ့ မဟုတ်မမှန်တာတွေကို လက်ခံမှာမဟုတ်ပါဘူး။ ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်ပဲသိပါတယ်။ ဒီပြဿနာက အခြားကိစ္စတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကို ခုတုံးလုပ်သွားတာပါ” လို့ပြန်လည် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
 
တန်ဟက်က ဆန်ချိုကို လေ့ကျင့်ရေးကွင်းမှာ အပျင်းကြီးနေခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပြီး ဒီလို မစွပ်စွဲခင်မှာလည်း တန်ဟက်ဟာ ကစားသမားကို ပရီးမီးယားလိဂ်မှာ ၃ ကြိမ်သာ လူစားလဲအသုံးပြုခဲ့ပါတယ်။ ယခုအခါမှာတော့ ဆန်ချိုနဲ့ ပတ်သက်ပြီး မက္ကာသီက “ဆန်ချိုက တန်ဟက်ကို တောင်းပန်ဖို့ စိတ်မပါခဲ့ပါဘူး။ ကျွန်တော်ကဆန်ချို့ကိုပြောခဲ့ပါတယ်။ မန်နေဂျာလိုချင်တာက တောင်းပန်တာလေးတစ်ခုပါပဲလို့။ ကျွန်တော်သူ့ကို နည်းပြတစ်ယောက်လို၊ ဆရာတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို၊ ပြီးတော့ ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်နေတဲ့လူတစ်ယောက်အနေနဲ့ အကြံဉာဏ်တွေပေးခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုက ဒါတွေကို မမြင်ခဲ့ပါဘူး။ သူက တောင်းပန်လိုက်မယ်ဆိုရင် တန်ဟက်ပြောတဲ့ အပျင်းကြီးတယ်၊ အသင်းအတွက်မကြိုးစားဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ဟုတ်တယ်လို ထောက်ခံလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့်မို့ မတောင်းပန်တာပါတဲ့”လို့ ပြောကြားခဲ့ပါတယ်။
 
ယခုအခါမှာတော့ ဆန်ချိုဟာ ဒေါ့မွန်မှာ ထူးရှယ်ခြေစွမ်းတွေကို ပြသထားနိုင်ပြီး ဒီရာသီမှာ ပွဲ ၂၀ အထိကစားထားကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပါတယ်။ တန်ဟက် အနေနဲ့ကတော့ ယူနိုက်တက်နေ ထွက်ခွာသွားမလား မထွက်ခွာဘူးလားဆိုတာ စောင့်ကြည့်နေရဆဲဖြစ်ပြီး အခုချိန်အထိ အိုးလ်ထရက်ဖို့ဒ်အသင်းဘက်က ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်ရသေးပါဘူး။