
ရက်ရှ်ဖို့ဒ်ရဲ့ပွဲဦးထွက်ခြေစွမ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အမ်မရီ
တော့တင်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေလူစားဝင်ပြီး ခြေစွမ်းပြခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ အဆန်စီရိုတို့ရဲ့ပွဲဦးထွက်ခြေစွမ်းတွေကို အမ်မရီက ချီးကျူးလိုက်ပါတယ်။ ၂ ဦးစလုံးဟာ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီအသင်းထံကနေ အငှားလာကစားနေတာဖြစ်ပြီး တော့တင်ဟမ်နဲ့ပွဲမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဗီလာကတော့ ရော်ဂျာရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ တော့တင်ဟမ်ကို ချေပဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် နဲ့ အဆန်စီရိုတို့ဟာ လူစားဝင်လာပြီးနောက် ရော်ဂျာနဲ့တွဲဖက်ကာ တော့တင်ဟမ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂါစီယာ နဲ့ မယ်လန်တို့ကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ အမ်မရီက ဗီလာအသင်းတိုက်စစ် ၃ ယောက်ရဲ့ခြေစွမ်းကို သဘောကျနေပါတယ်။ “ဂါစီယာ ၊ မယ်လန်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ သူတို့ တည်ငြိမ်မှုပြသနိုင်ခဲ့သလို အာရုံလည်း စိုက်ခဲ့ကြပါတယ်။ မားကပ်စ် နဲ့ အဆန်စီရိုတို့လည်း ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်။
လာမယ့်လတွေမှာလည်း သူတို့ကူညီပေးနိုင်ပါလိမ့်မယ်။ ပြောင်းလဲမှုတွေ ကျွန်တော်တို့လုပ်နိုင်ခဲ့ပြီးနောက် လမ်းအသစ်တွေပေါ်ရောက်နေပါပြီ။ ကျွန်တော်တို့ တောင်းဆိုမှုတွေမြင့်မားလာပါတယ်။ ဘာလို့လဲဆိုတော့ အချို့နည်းစနစ်တွေ နဲ့ ပြိုင်ပွဲတွေအတွက် ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်ပါတယ်။ သူတို့ ၂ ယောက်ရဲ့ဒီနေ့ပွဲစွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျပါတယ်။ သူတို့က အတွေ့အကြုံရှိပြီးသားကစားသမားတွေပါ။
ကျွန်တော်တို့တည်ဆောက်နေတဲ့အသင်းမှာ သူတို့လိုကစားသမားမျိုးတွေရှိနေတာက ကြီးမားတဲ့အရာပါ။ တစ်ဦး နဲ့ တစ်ဦး တွန်အားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒုတိယဂိုးက အရေးပါခဲ့သလို ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ပွဲကိုအပြီးမသတ်ထားနိုင်ခဲ့ပါဘူး”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။လာမယ့်စနေနေ့မှာကန်မယ့် အစ်ဝှစ်တောင်းနဲ့ပွဲမှာလည်း ရက်ရှ်ဖို့ဒ် နဲ့ အဆန်စီရိုတို့ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်