The network connection is lost.

Banner Image

ပေါ်တိုနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အာဆင်နယ် ကစားသမား ၂ ဦး

ပါတေးဟာ မန်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး အောက်တိုဘာလကတည်းက ပေါင်ဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ဆီဗီလာနဲ့ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ဒဏ်ရာ ရရှိခဲ့တဲ့တာကြောင့် ပေါင်ကို ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

ပါတေးဟာ ယခုလအစောပိုင်းတွင် လေ့ကျင့်ရေးကွင်း၌ ရှိနေတာကိုတွေ့ခဲ့ရပြီ လီဗာပူးနှင့်ပွဲတွင် ပြန်လည် ပါဝင်လာမယ့်ပုံရှိနေခဲ့သော်လည်း ဂါနာလက်ရွေးစင်ဟာ ဒဏ်ရာကနေသက်သာဖို့ နောက်ထပ် နှောက်နှေးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

"သောမတ်စ်နဲ့အတူ ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့မှာ အဆင်မပြေမှု အနည်းငယ်ရှိခဲ့တဲ့အတွက် သူကအသင်းမှာ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး" "ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ်တွေအထိကြာနေပါစေ ကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်ပါတယ်" လို့ အာတီတာက အဲ့ဒီအချိန်တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သို့သော်လည်း ပါတေးအတွက် ပြန်လည်သက်သာလာဖို့ မျှော်လင့်ရပြီး အက်သလက်တီကိုမက်ဒရစ် ကစားသမားဟောင်းဟာ အင်္ဂါနေ့မနက်က အာတီတာရဲ့ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့အတူ လန်ဒန်ကိုနေးတွင်း လေ့ကျင့်ခန်းဆင်းနေတာကို တွေ့ခဲ့ရပါတယ်။ football.london ရဲ့ အဆိုအရ ပေါင်ခြံဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာဖို့လုပ်နေတဲ့ ဗီအဲရာကလည်း လေ့ကျင့်ရေးမှာရှိနေခဲ့ပါတယ်။

ဗီအဲရာဟာ နိုဝင်ဘာလကတည်းက ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြန်လည်ကစားရန် အလွန်နီးစပ်နေပြီဟု အာတီတာက ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ဂျီးဆပ်၊ တိုမီယာဆုနှင့် ဇင်ချန်ကိုတို့ကို မတွေ့ခဲ့ရပါဘူး။

အာတီတာရဲ့အသင်းဟာ ပေါ်တိုရဲ့အိမ်ကွင်းမှာ ကစားမယ့် ၁၆ သင်း အဆင့် ပထမအကျော့ပွဲစဉ်မတိုင်မီ ယနေ့ညနေပိုင်းတွင် ပေါ်တူဂီသို့ သွားရောက်မှာဖြစ်ပါတယ်။