
၀က်စ်ဟမ်းစတားကိုခေါ်ယူဖို့ ဆွေးနွေးနေတဲ့ တော့တင်ဟမ်
သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ ဝက်စ်ဟမ်းစတား ကူဒက်စ်ကိုခေါ်ယူဖို့ ဆွေးနွေးနေတာ အဆင်ပြေနေတယ်လို့ သိရပါတယ်။ ၂၀၂၃ အေဂျက်ကနေပြောင်းလာပြီးနောက် ကူဒက်စ်ဟာ ဥရောပထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားထားတာဖြစ်ပါတယ်။
သတင်းထောက် ရိုမာနိုကတော့ တော့တင်ဟမ်ဟာ ဆွေးနွေးမှုတွေဆက်လုပ်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့မပြီးခင် အချိန်ကြာဦးမယ်လို့ ဆိုပါတယ်။
ဂါနာသားအတွက် ၂ သင်းကြားဆွေးနွေးနေသလို ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပြီး အယ်လ်နာဆာအသင်းကလည်း စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ ဂါးဒီးယန်းသတင်းဌာနရဲ့အဆိုအရ ဝက်စ်ဟမ်းဟာ အခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူဖို့ ရှိရင်းစွဲကစားသမားတွေကိုရောင်းချဖို့ လိုအပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဆိုပါကစားသမားတွေထဲမှာ ကူဒက်စ်လည်း ပါဝင်နေပြီး ပေါင်သန်း ၆၀ လောက်ဆိုရင် လက်ခံဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီကို သေချာလေးပြင်ဆင်နေပြီး သြဂုတ်လလယ်မှာ ဆန်းဒါးလန်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။