The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့ရာသီသစ်စတင်မှုကို သေချာပေါက်လွဲချော်မယ့် ကူလူဆက်ဗ်စကီး

သောမတ်စ်ဖရန့်ခ်က တော့တင်ဟမ်အသင်းရဲ့ရာသီသစ်စတင်မှုနဲ့ ကူလူဆက်ဗ်စကီး သေချာပေါက်လွဲချော်သွားလိမ့်မယ်လို့ အတည်ပြုခဲ့ပြီး ကြယ်ပွင့်ကစားသမားပြန်လာနိုင်မှုအတွက် အချိန်သတ်မှတ်ချက်ပေးဖို့ ဝန်လေးနေခဲ့ပါတယ်။

ကူလူဆက်ဗ်စကီးက မေလအတွင်း ဒူးဒဏ်ရာရရှိပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ခဲ့ပါတယ်။ သူက ရာသီကြိုပြင်ဆင်မှုစတင်ချိန်မှာလည်း အသင်းဖော်တွေနဲ့ မပူးပေါင်းနိုင်ခဲ့ပါဘူး။ တော့တင်ဟမ်က ရာသီသစ်အတွက်ပြင်ဆင်မှုအဖြစ် ဟောင်ကောင်၊ တောင်ကိုရီးယားတို့ဆီ မထွက်ခွာခင် ရီဒင်း၊ လူတန်တို့နဲ့ ခြေစမ်းပွဲစဉ်ကစားသွားဖို့ စီစဉ်ထားပါတယ်။

ကူလူဆက်ဗ်စကီးကိုယ်တိုင်လည်း ပြန်လာဖို့မဖြစ်နိုင်သေးလို့ ဒီပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။ သောမတ်စ်ဖရန့်ခ်ကလည်း ဘန်လေနဲ့ရင်ဆိုင်ရမယ့် သြဂုတ် ၁၆ ရက်၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ အသက်-၂၅ နှစ်အရွယ်ကစားသမားပါဝင်နိုင်ဖို့ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ ကူလူဆက်ဗ်စကီးနဲ့ပတ်သက်ပြီး အချိန်သတ်မှတ်ချက်ပေးတာမျိုး မလုပ်ချင်ပါဘူး။ ဒီအတိုင်းဆိုရင်တော့ သူက ရာသီအဖွင့်ပွဲစဉ်အတွက် အဆင်သင့်မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။