ကွင်းလယ်ဒိုင်ရဲ့ ဖေးမမှုအချို့နဲ့အတူ အိမ်ကွင်းမှာ လီဗာပူးကို အနိုင်ရခဲ့တဲ့ တော့တင်ဟမ်
တော့တင်ဟမ် ၂ - ၁ လီဗာပူး (ပွဲပြီးရလဒ်)
ဆွန်ဟောင်မင် ၃၆ မိနစ်
ဂတ်ပို ၄၅ + ၄ မိနစ်
မာတစ် ၉၀ + ၆ (OG)
နည်းပြ ပိုစတီကိုဂလူအနေနဲ့ ကာရာဘောင်ဖလားမှာ ပွဲပန်းလာတဲ့ လီဗာပူးသင်းကို အနိုင်ရရေးအတွက် အိမ်ကွင်းမှာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ကပ္ပတိန်ကိုရီးယားရဲ့ သွင်းဂိုးနဲ့အတူ ပထမပိုင်းကို ဦးဆောင်ခွင့်ရရန် နီးစပ်ခဲ့ပေမဲ့ ဂတ်ပိုက ချေပဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းအတွင်း တော့တင်ဟမ်အသင်းက အနိုင်ဂိုးရရေးအတွက် အားစိုက်လာတဲ့အပြင် ကစားသမားတစ်ယောက်ပါ ထပ်အထုတ်ပယ်ခံခဲ့ရတာကြောင့် လူ နှစ်ယောက်လျှော့နဲ့ လီဗာပူးအသင်း ကစားရကြပ်လာပြီး ပွဲပြီးခါနီးမိနစ်အပိုင်းအခြားမှာ မာတစ်က ကိုယ့်ဂိုးကို သွင်းယူခဲ့လို့သာ တော့တင်ဟမ်အသင်း ခက်ခက်ခဲခဲ ရမှတ် ၃ မှတ် ပိုင်ဆိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။