The network connection is lost.

Banner Image

ချဲလ်ဆီးမှာ သူလုပ်ခဲ့တဲ့ အခြေခံအမှားကို ဖွင့်ဟလိုက်တဲ့ မော်ရီဇီယိုဆာရီ

အသက် ၆၅ နှစ်အရွယ် နည်းပြဆာရီဟာ စတန်းဖို့ဒ်ဘရစ်ချ်တွင် တစ်ရာသီသာရှိခဲ့သော်လည်း ချဲလ်ဆီးကို ၂၀၁၉ ယူရိုပါလိဂ်ဖိုင်နယ်တွင် အာဆင်နယ်ကိုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အဲ့ဒီနှစ်အစောပိုင်းက ကာရာဘောင်ဖလားဖိုင်နယ်သို့ရောက်ရှိခဲ့သော်လည်း မန်စီးတီးအား ဝင်ဘာလေတွင် ပင်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဆာရီဟာ အဆိုပါနွေရာသီတွင် အီတလီသို့ပြန်လာကာ ဂျူဗင်တပ်သို့ပြောင်းရွှေ့ရန်အတွက် ချဲလ်ဆီးမှထွက်ခွာရန် ရွေးချယ်ခဲ့သော်လည်း အီတလီသားဟာ ပရီးမီးယားလိဂ်မှထွက်ခွာခဲ့ခြင်းကို နောင်တရခဲ့ပါတယ်။

ချဲလ်ဆီးရှိ သူ့ရဲ့အချိန်တွေအကြောင်း မေးမြန်းတဲ့အခါ ဆာရီက Sky Sports Italy သို့ "ကျွန်တော့်နည်းပြဘဝရဲ့ အခြေခံအမှားပါပဲ" "အဗရာမိုဗစ်ခေတ်က လူတိုင်းကြုံခဲ့သလို ဒုတိယရာသီအထိနည်းပြတစ်ဦးမရှိနိုင်တဲ့ ခက်ခဲတဲ့အသင်းတစ်သင်းမှာ ဆက်ရှိနေဖို့ အခြေအနေတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် အဝိုင်းထဲမှာသာ ကျန်နေခဲ့တာပါ"

"ကျွန်တော်တို့ ကောင်းမွန်တဲ့ ခရီးတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ပထမနှစ်မှာ အသင်းက ပဉ္စမနေရာမှာ ရပ်တည်ခဲ့ပြီး အဲ့ဒီနောက် လီဗာပူးနဲ့ မန်စီးတီးတို့နောက် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ယူရိုပါလိဂ် ၁၃ ပွဲ အနိုင်ရကာ လိဂ်ဖလား ဖိုင်နယ်မှာ မန်စီးတီးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ လီဗာပူးနဲ့ တော့တင်ဟမ်တို့ကို အနိုင်ရရှိခဲ့တာပါ" "ကျွန်တော်ဟာရှောင်ရမယ့် အမှားကြီးတစ်ခုကို လုပ်ခဲ့ပါတယ်။ အီတလီကို ပြန်လာလိုတဲ့ ဆန္ဒက ပရီးမီးယားလိဂ်မှာ ဆက်နေချင်တဲ့ ဆန္ဒထက် နည်းနေရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အန်တိုနီယိုကွန်တီကို နာပိုလီရဲ့နည်းပြအဖြစ် ဒီတစ်ပတ်မှာ ခန့်အပ်ခဲ့ပြီး ဆာရီက သူ့ရဲ့အသင်းဟောင်းဟာ လာမယ့်ရာသီ စီးရီးအေမှာ ထိပ်ဆုံး ၃သင်းအတွင်းဝင်ရောက်ကာ ရာသီပိတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ "နာပိုလီက သူတို့ရဲ့ကစားပုံ အပြောင်းအလဲနဲ့အတူ ရှေ့ခရီးကို တက်လှမ်းမှာဖြစ်ပါတယ်"

"ကံကောင်းတာက ကွန်တီက သူ့စိတ်နေစိတ်ထားနဲ့ သူ့ရဲ့ကစားဟန်ကိုပြသဖို့ ဒီအခြေအနေတွေမှာ အရမ်းမြန်ဆန်ပါတယ်။ ထိပ်ဆုံး ၃ သင်းအတွင်း ဝင်မယ်လို့ ထင်ပါတယ်" လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ဆာရီဟာ မတ်လတွင် လာဇီယိုအသင်းနည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း နည်းပြလောကသို့ ပြန်လာလိုနေတာဖြစ်ပါတယ်။

"တတ်နိုင်သမျှ မြန်မြန်ဖြစ်လာမျှော်လင့်ကြရအာင်ပါ။ ပထမ ၂ လကို မိသားစုပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရပြီး ကျန်ခဲ့တဲ့ ဘောလုံးလောကအတွက် လွမ်းဆွတ်စရာတွေ မရှိခဲ့ဘူး" "အခုတော့ ဆန္ဒတွေက ထပ်ပြီးကြီးထွားနေတော့ တစ်လ နှစ်လလောက်ကြာရင် သွားဖို့ အဆင်သင့်ဖြစ်မယ်ထင်ပါတယ်" "နိုင်ငံခြားသို့မဟုတ်ပေမယ့် နိုင်ငံခြားကို သွားဖို့ ခက်နေတယ်လို့ ထင်ပါတယ်" လို့ ဆာရီက ပြောပါတယ်။

ဆီဗီလာကို ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့အကြောင်း မေးမြန်းရာမှာ ဆာရီက "ညှိနှိုင်းမှု နည်းနည်းရှိပေမယ့် သူတို့မှာ ကျွန်တော်နဲ့မတူညီတဲ့ လိုအပ်ချက်တွေ ရှိနေပါတယ်" လို့ ဆာရီက ဖြေကြားခဲ့ပါတယ်။