The network connection is lost.

Banner Image

နိုင်ငံအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ကစားပေးရန် ယုံကြည်ချက် ပိုပြည့်သွားတယ်လို့ဆိုတဲ့ တိုမီယာဆု

ပရီးမီးယားလိဂ် ချန်ပီယံဆုအား အနီးကပ်ဆုံးစိန်ခေါ်နိုင်ရေးအတွက် ပြင်ဆင်မှုပြုလုပ်နေတဲ့ နည်းပြ အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်အသင်း အတွက် ပုံမှန်ခြေစွမ်းပြ ကစားနိုင်ရန် ရုန်းကန်နေရပေမဲ့ နိုင်ငံတကာပွဲရက်တွေအတွင်း ဂျပန်လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားကာ ကလပ်အသင်းမှာပါ ပုံစံကောင်းပြသနိုင်ရန် ယုံကြည်မှုရလာကြောင်း တိုမီယာဆုက ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။
 
ဂျပန်အသင်းနဲ့ ဂျာမနီအသင်းတို့ ဝုဖ်ဘတ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ခြေစမ်းပွဲစဉ်အတွင်း ဂျပန်အသင်းက ၄ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့အပြင် တူရကီအသင်းနဲ့ ပွဲစဉ်မှာလည်း ဂျပန်အသင်းက ၄ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဂျပန်လက်ရွေးစင်အသင်း အတွက် ညာနောက်တန်းအစွန်လူအဖြစ် ပါဝင်ခဲ့တဲ့ တိုမီယာဆုက အဆိုပါ ပွဲစဉ်တွေမှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
တိုမီယာဆုအနေဖြင့် အာဆင်နယ်အသင်းတွင် ရောက်ခါစအချိန်တွေမှာ မြောက်လန်ဒန်ကလပ်အသင်း အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့ ယခုနှစ် ဘောလုံးရာသီတွင် ပွဲထွက်ကစားခွင့် ၁ကြိမ်သာ ရထားခဲ့ပြီး အဆိုပါပွဲစဉ်အတွင်း အနီကဒ်ပြစ်ဒဏ်ထိထားခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင်မှ လူစားဝင်ကစားပေးခွင့်ရလာတာ ဖြစ်ပါတယ်။
 
ဂျပန်လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားပြီး ဂန်းနားတို့အတွက်ပါ အလားတူ ကစားပေးနိုင်ရန် ယုံကြည်ချက်ရှိလာတဲ့ အကြောင်းနဲ့ ပတ်သက်လို့ တိုမီယာဆုက “ကျွန်တော့်အနေနဲ့ ပွဲထွက်ခွင့်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရန်လိုအပ်ပါတယ်။ ဒီပွဲစဉ်တွေကရလာတဲ့ ခံစားချက်ကြောင့် ယုံကြည်မှုတွေပိုရလာခဲ့ပါတယ်။ အာဆင်နယ် အသင်းမှာက ပုံစံကောင်းပြဖို့ ရုန်းကန်နေရတာမှန်ပါတယ်။
 
 ဒါပေမဲ့ ရှေ့ဆက်ပြီး ပွဲထွက်ကစားခွင့်ရရန် အကောင်းဆုံး ကြိုးစားမှာပါ” “နိုင်ငံအသင်းနဲ့ ၂ပွဲလောက်ကစားရတာက အတော်လေး စိတ်ခံစားချက် ကောင်းမွန်စေပါတယ်။ အာဆင်နယ် အသင်းမှာက တောင်းဆိုမှုတွေ မြင့်မားပါတယ်။ ယုံကြည်မှုတွေရလာပြီ ဖြစ်တာကြောင့် နေရာတစ်နေရာ သေချာစေရန် တိုက်ပွဲဝင်မှာပါ။ ပြီးတော့ ကျွန်တော့်အနေနဲ့ အခွင့်အရေးရတာနဲ့ ကလပ်အသင်း အတွက် ရာနှုန်းပြည့်ပေးဆပ်ကစားမှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။