
အင်္ဂလန်အသင်းမှာ ကိန်းနဲ့ပြန်လည်ပေါင်းဆုံနေလို့ စိတ်လှုပ်ရှားနေတဲ့ တူချယ်
အင်္ဂလန်အသင်းနည်းပြ တူချယ်က နိုင်ငံအသင်းမှာ တိုက်စစ်မှူး ကိန်းနဲ့ပြန်လည်ပေါင်းဆုံနေလို့ စိတ်လှုပ်ရှားနေပြီး ဘိုင်ယန်မှာ ကိန်းတစ်ယောက် ဆုဖလားရယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။ အင်္ဂလန်သားအနေနဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံအသင်းမှာကော ကလပ်အသင်းမှာပါ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
အခုချိန်မှာတော့ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားနိုင်သလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။ ကိန်းတစ်ယောက် အခုလက်ရှိပြသနေတဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်သလို အခုလက်ရှိစိတ်ပိုင်းဆိုင်ရာမြင့်တက်နေမှုက နိုင်ငံအသင်းအတွက် အကျိုးရှိစေနိုင်တာဖြစ်ပါတယ်။ တူချယ်ရဲ့ပထမဆုံးအင်္ဂလန်အသင်းရွေးချယ်မှုမှာ ကိန်းပါဝင်လာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။
“သူ(ကိန်း)နဲ့ အလုပ်အတူတူလုပ်ရတာကို ကျေနပ်မိပါတယ်။ သူက ထိပ်တန်းအဆင့်တိုက်စစ်မှူးဖြစ်သလို ပွဲအများဆုံးကန်ထားသလို ဂိုးအများဆုံးလည်း သွင်းယူထားနိုင်ပါတယ်။ သူက စံချိန်တွေကော အဆင့်အတန်းတွေပါ တင်ထားနိုင်ပါတယ်။ အဲ့တာတွေကြောင့် ကျွန်တော်တို့ သူ့ဆီကနေ အများကြီးမျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော်သိပြီးသားပါ။ အဲ့တာက သူ့ပခုံးပေါ်အပိုတာဝန်ယူမှုတွေ တင်ပေးသလိုဖြစ်နေပါတယ်။ ဒါပေမယ့် ဟယ်ရီက သူကိုင်တွယ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။
ဒီလိုတိုက်စစ်မှူးမျိုးနဲ့လက်တွဲရတာက တကယ်ကောင်းသလို ကျွန်တော်တို့ သူပြန်လာတာကို ပျော်ပါတယ်။ သူအခုဘိုင်ယန်မှာ လိဂ်ဖလားရဖို့ နီးစပ်နေသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန်အတွက် ၁၀၃ ပွဲမှာ ၆၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ပီတာရှီလ်တန်ရဲ့ ၁၂၅ ပွဲစံချိန်ကို လိုက်မီနိုင်ဖို့ များနေပါတယ်။ အသက် ၃၁ နှစ်သားကတော့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့နည်းတူ အချိန်အတော်ကြာကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။