
ဂါနာချိုကို အသင်းဖော်များရှေ့တွင် ရက်ရက်စက်စက် ပြောကြားခဲ့တဲ့ အာမိုရင်
ယူနိုက်တက်၏ ရာသီနောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီ တနင်္ဂနွေနေ့တွင် အာမိုရင်က ဂါနာချို အား ယခုနွေရာသီတွင် ကလပ်မှ ထွက်ခွာရန် ပြောကြားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အာဂျင်တီးနား တောင်ပံကစားသမားဟာ ဇန်နဝါရီလကတည်းက အိုးထရက်ဖို့ဒ်မှ ပြောင်းရွှေ့ရန် ပြင်းပြင်းထန်ထန် သတင်းထွက်ခဲ့ပြီး ချဲလ်ဆီး နှင့် နာပိုလီ တို့က စိတ်ဝင်စားခဲ့ကြသည့် ကလပ်များထဲတွင် ပါဝင်ခဲ့ပါတယ်။
ဂါနာချိုသည် တစ်ချိန်က ယူနိုက်တက်တွင် အလားအလာအကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း တဖြည်းဖြည်း အရေးပါမှု လျော့နည်းလာခဲ့ပြီး အမ်မိုရင်က ယူရိုပါလိဂ် ဖိုင်နယ်တွင် တော့တင်ဟမ် ကို ရှုံးနိမ့်ပြီးနောက် ဂါနာချိုနှင့် သူ့ရဲ့အစ်ကိုတို့ ပြောကြားခဲ့သည့် မှတ်ချက်များနှင့် ပတ်သက်၍ မကျေနပ်ကြောင်း သိရပါတယ်။
"သိသာပါတယ်၊ ဒါက လူတိုင်းအတွက် ခက်ခဲပါတယ်" လို့ ဘီလ်ဘာအိုတွင် ရှုံးနိမ့်ပြီးနောက် ဂါနာချိုက ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ရာသီက ဆိုးရွားပါတယ်" "လိဂ်မှာ ဘယ်သူ့ကိုမှ မနိုင်ခဲ့ဘူး။ ကျွန်တော်တို့မှာ အများကြီး ချို့ယွင်းချက်တွေ ရှိတယ်။ ဂိုးမသွင်းနိုင်တဲ့အခါ ပိုပြီးတော့ လိုအပ်ပါတယ်"
"ဖိုင်နယ်ရောက်တဲ့အထိ ကျွန်တော် အဆင့်တိုင်း ကစားခဲ့တယ်။ ဒီနေ့ မိနစ် ၂၀ ပဲ ကစားခဲ့ရတယ်။ ကျွန်တော် မသိတော့ဘူး" "နွေရာသီကို ပျော်အောင် ကြိုးစားပြီး နောက်ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရပါဦးမယ်" ဟု ဂါနာချိုက ပြောကြားခဲ့ပါတယ်။
ဂါနာချို၏ အစ်ကိုဖြစ်သူကမူ အာမိုရင်အား "သူ့ကို ပစ်ပယ်တယ်" လို့ စွပ်စွဲရန် ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပါတယ်။ ထိုမှတ်ချက်များက အမ်မိုရင်ကို ဒေါသထွက်စေခဲ့ပြီး Daily Mail ရဲ့ ဖော်ပြချက်အရ အသင်းအစည်းအဝေးတစ်ခုတွင် ဂါနာချိုအား ယခုနွေရာသီတွင် ကလပ်အသစ်တစ်ခု ရှာဖွေနိုင်ရန် ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် အသင်းသားတွေဟာ စနေနေ့တွင် ကာရင်တန်၌ စုဝေးကာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အတွက် ပြင်ဆင်ခဲ့ကြသော်လည်း အမ်မိုရင်က အစည်းအဝေးကို ဂါနာချိုအား တိုက်ခိုက်ရန် အသုံးပြုခဲ့ပါတယ်။ "မင်းကို ခေါ်ယူမယ့် ကလပ်တစ်ခု ရှာတွေ့ဖို့ ကောင်းကောင်း ဆုတောင်းနေပါ" လို့ အာမိုရင်က ဂါနာချိုအား ရာသီကြို လေ့ကျင့်ရေးအတွက် ယူနိုက်တက်သို့ ပြန်လာခြင်းကို ကြိုဆိုမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
ထိုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တောင်းခံခဲ့သော်လည်း သီးသန့် အဝတ်လဲခန်း ဆွေးနွေးမှုများအပေါ် မှတ်ချက်ပေးမည် မဟုတ်ကြောင်း နည်းပြက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သော အက်စတွန်ဗီလာ နှင့်ပွဲတွင် လူစာရင်းမှ ချန်လှပ်ခံခဲ့ရတဲ့ ဂါနာချိုက အစက အိုးထရက်ဖို့ဒ်တွင် ဆက်နေရန် မျှော်လင့်ခဲ့သော်လည်း ယခုအခါ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ယူနိုက်တက်ဟာ အသက် ၂၀ အရွယ် ကစားသမားအတွက် ပေါင် ၆၀ သန်းခန့် လိုလားသော်လည်း ဖြစ်နိုင်ချေရှိသော စိတ်ဝင်စားတွေကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အပါအဝင် မန်ချက်စတာ ကလပ်က ညှိနှိုင်းမှုတွင် အားနည်းသော အနေအထားတွင် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်က ယခုနွေရာသီတွင် ၎င်းရဲ့ ကလပ်ဟောင်းအား ဂါနာချိုကို ခေါ်ယူခြင်း မပြုရန် သတိပေးခဲ့ပါတယ်။
"သူ အမှားတွေကနေ သင်ယူရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူ ပြောနေတာတွေက အလွန်အကျွံ ဖြစ်ပြီး သတင်းအချက်အလက်တွေကလည်း အများကြီးပဲ" လို့ ကိုးလ်က The Dressing Room Podcast တွင် ပြောကြားခဲ့ပါတယ်။ "ကျွန်တော် အဲဒီအခြေအနေကို ကြည့်ပြီး သူ့ရဲ့ အကြံပေးတွေကြောင့်ပဲလို့ ထင်တယ်။ သူ မှန်ကန်တဲ့ အကြံဉာဏ်တွေ ရနေတယ်ဆိုရင်တော့ ခင်ဗျား ပါးစပ်ပိတ်နေလိမ့်မယ်"
"ထုတ်ပြန်ချက်တွေ မထုတ်ပါနဲ့။ အခု ကျွန်တော် ခင်ဗျားကို ဝယ်ဖို့ ကြိုးစားနေတယ်၊ ခင်ဗျား သတင်းစာမှာ ဘယ်လောက် အသံကျယ်လဲဆိုတာ ကြည့်နေတယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ယုံကြည်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျား လုပ်နေတဲ့ အရာတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိပါတယ်" လို့ ကိုးလ်က ပြောကြားခဲ့သည်။
ဂါနာချိုဟာ ယူနိုက်တက် ကစားသမားဘဝတွင် အသင်းအတွက် ၁၄၄ ပွဲ ကစား၊ ၂၆ ဂိုး သွင်းယူကာ အဆုံးသတ်တော့မယ့် ပုံရှိနေပါတယ်။ အိုးထရက်ဖို့ဒ်တွင် ကစားခဲ့စဉ် အက်ဖ်အေဖလား နှင့် EFL ဖလား တို့ကို ဆွတ်ခူးခဲ့ပါတယ်။