
The network connection is lost.

အာဆင်နယ်အသင်းစတား သောမက်စ်ပါတေးတစ်ယောက် လာမယ့်အပတ် မန်စီးတီးနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ ပါတေးဟာ သြဂုတ်လ ၂၆ ရက်နေ့ ဖူလ်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့ပြီး လာမယ့်လ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်အထိ နားရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးသတင်းတွေအရ ပါတေးတစ်ယောက် အခြေအနေကောင်းလာပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ ကစားမယ့် မန်စီးတီးနဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
အခြားတစ်ဖက်မှာတော့ ဒီကလန်ရိုက်စ်ရဲ့နောက်ကြောဒဏ်ရာအခြေအနေက မပြင်းထန်ဘူးလို့ သိရပြီး ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ ရိုက်စ်တစ်ယောက် လာမယ့်ကာရာဘောင်ဖလား ပွဲမှာတော့ အရန်ခုံထိုင်ရဖွယ်ရှိနေပြီး အာတီတာက အပြောင်းအလဲတွေလုပ်လာဖွယ်ရှိနေပါတယ်။
ဘရန့်ဖို့ဒ်နဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာ တိုမီယာစု၊ ခီဝီယော၊ နယ်လ်ဆင်၊ စမစ်ရိုတို့ ပါဝင်လာနိုင်ပါတယ်။