စတုဂတ်က ဂိုင်ရာဆီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတဲ့ ယူနိုက်တက်၊ အာဆင်နယ်နှင့် ချဲလ်ဆီး
ဂိုင်ရာဆီဟာ လွန်ခဲ့တဲ့ ၁၂ လက စတုဂတ်သို့ အပြီးသတ်ပြောင်းရွှေ့လာပြီးနောက် ပွဲ ၃၀ တွင် ဂိုး ၃၀ သွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအား ဇာဘီအလွန်ဆိုရဲ့ ရှုံးပွဲမရှိတဲ့ လေဗာကူဆင်နောက် ဘွန်ဒက်လီဂါဇယားရဲ့ ဒုတိယနေရာတွင် ရပ်တည်နိုင်အောင် ကူညီခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် ဂိုင်ရာဆီရဲ့ သွင်းဂိုးတွေထက် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းတစ်ဦးတည်းသာ ပိုများနေတာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်များကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များရဲ့ ရေဒါတွင် ရှိနေတာဖြစ်ပါတယ်။
ဂျာမန်ရှိ Bild ရဲ့ဖော်ပြချက်အရ အာဆင်နယ်နှင့် ချဲလ်ဆီးတို့ဟာ တိုက်စစ်ကိုအားဖြည့်ရန်အတွက် အေစီမီလန်၊ ဒေါ့မွန်တို့နှင့်အတူ ဂိုင်ရာဆီကိုခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဂျာမန်ဘောလုံးလောကရှိ ကိန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲဦးထွက်ရာသီကို ဘိုင်ယန်မြူးနစ်က ချီးကျူးထားသော်လည်း ယူနိုက်တက်အပြင် ဂိုင်ရာဆီကိုခေါ်ယူဖို့ ဂျာမန်အသင်းကြီးကလည်း စိတ်ဝင်စားနေပါတယ်။
ဂိုင်ရာဆီဟာ ၂၀၂၄-၂၅ ရာသီမတိုင်မီ စတုဂတ်မှ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားပြီး ဂီနီလက်ရွေးစင်ကို ယခုနွေရာသီတွင် ယူရို ၁၈-၂၀ သန်း (ပေါင် ၁၅-၁၇ သန်း) ဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဂိုင်ရာဆီဟာ စတုဂတ် လက်ရှိလုပ်ခလစာ တစ်နှစ်လျှင် ယူရို ၃ သန်း (ပေါင် ၂.၅) သာရရှိနေပြီး အသင်းပြောင်းပါက လစာပိုများမယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။
သို့သော်လည်း ဂိုင်ရာဆီရဲ့လက်ရှိစာချုပ်တွင် ၂ နှစ်ကျန်ရှိနေသေးပြီး စတုဂတ်ဥက္ကဌကလည်း ကလပ်ရဲ့ကြယ်ပွင့်ကစားသမားရဲ့ အပြောင်းအရွှေ့ကဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုများကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
"ပြီးခဲ့တဲ့နွေရာသီက သူထွက်ခွာတော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်းရှိပြီး ဆောင်းရာသီမှာ သူကလက်မှတ်ထိုးပြီးသားလို့ ပြောတာကို ကျွန်တော်ကြားခဲ့ရပါတယ်" "တကယ်တော့ သူက အသင်းမှာ အဆင်ပြေနေပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် အငြင်းပွားဖွယ်ရာမရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဟိုဟီးနက်စ်နဲ့ နည်းပြအဖွဲ့မှာ သူ့အတွက် ဘာတွေရှိတယ်ဆိုတာ သိပါတယ်" "အခု သူကချန်ပီယံလိဂ်မှာလည်း ကစားနိုင်ပါပြီ။ အဲဒါက နောက်တစ်မျိုးပါ" "သူထွက်သွားတယ်ဆိုတာ တော်တော်များများသိပါတယ်။ ကျွန်တော့်အတွက်ကတော့ လုံးဝရှင်းရှင်းလင်းလင်းမရှိပါဘူး" "ဒါပေမယ့် ရာသီပြီးရင် ကျွန်တော်တို့ ဆွေးနွေးကြမှာပါ"လို့ စတုဂတ်ဥက္ကဌက Sky Germany ကို ပြောကြားခဲ့ပါတယ်။