
နှစ်ပွဲဆက်နိုင်ပွဲနဲ့အတူ ၁၆သင်းအဆင့်ကို တက်ရောက်သွားတဲ့ စပိန်
စပိန် ၁-၀ အီတလီ (ပွဲပြီးရလဒ်)
စပိန်အသင်းဟာ ပထမပိုင်းကတည်းက ခြေစွမ်းအသာစီးနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ပွဲကိုဆက်လက်စိုးမိုးထားပြီး ကာလာဖီအိုရီရဲ့ OGဂိုးကြောင့် တစ်လုံးတည်းသောအနိုင်ဂိုးကို ရရှိခဲ့ပါတယ်။အီတလီအသင်းကတော့ ယနေ့ညရှုံးပွဲကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ခရိုအေးရှားနဲ့ အသည်းအသန်ကစားရတော့မှာ ဖြစ်ပါတယ်။