The network connection is lost.

Banner Image

လောကအသစ်ထဲကို ခြေဆန့်ဖို့ ပြင်ဆင်လာတဲ့ ပေါ်တူဂီစတား

ပေါ်တူဂီစတား ရော်နယ်ဒိုတစ်ယောက် ရုပ်ရှင်လောကထဲကို ခြေဆန့်ဖို့ ပြင်ဆင်လာပြီး လောကအသစ်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝအဆုံးသတ်ချိန်က နီးစပ်လာနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အနားယူဖို့ အစီအစဉ်မရှိသေးပဲ ပေါ်တူဂီ နဲ့ အယ်လ်နာဆာအတွက် ဂိုးတွေဆက်တိုက်သွင်းယူပေးချင်နေပါတယ်။

ကစားသမားဘဝကနေအနားယူပြီးချိန်မှာ ရော်နယ်ဒို အခြားစီးပွားရေးအတွက် ကြိုတင်ပြင်ဆင်နေပြီး လူမှုမီဒီယာမှာလည်း UR Cristiano Youtube ချန်နယ်ကို တည်ထောင်ထားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ယူနိုက်တက်စတားဟောင်းဟာ လက်ရှိမှာလည်း ရုပ်ရှင်လောကထဲကို ခြေဆန့်လာခဲ့တာဖြစ်ပြီး ဒါရိုက်တာ မက်သရူးဗော်ဂန်နဲ့ တွဲလုပ်နေပါတယ်။ 

“ဒါက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကဏ္ဍအသစ်တစ်ခုပါ။ ကျွန်တော်အခု စီးပွားရေးဈေးကွက်အသစ်တစ်ခု ရှာဖွေနေပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ဗော်ဂန်ကလည်း “ခရစ္စတီယာနိုက ကွင်းထဲမှာ ဗီဒီယိုတွေဖန်တီးချင်နေပါတယ်။ အဲ့တာက ကျွန်တော် ဘယ်တုန်းကမှ မလုပ်ဖူးတာပါ။ကျွန်တော် သူ့အတွက် ဗီဒီယိုတွေဖန်တီးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သူက တကယ့်ဘဝရဲ့စူပါဟီးရိုးပါ”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ ဗော်ဂန်တို့တွဲဖက်ပြီး UR-MARV ချန်နယ်တစ်ခုတည်ထောင်ပြီး ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ရုပ်သံတွေဖန်တီးဖို့ ပြင်ဆင်နေပါတယ်။ ကြေညာချက်ထဲမှာ ရော်နယ်ဒို နဲ့ ဗော်ဂန်တို့ဟာ ငွေကြေးစိုက်ထုတ်ပြီး အက်ရှင်ဇာတ်ကားလုပ်ဆောင်ဖို့ ပြင်ဆင်နေကာ ဘယ်အချိန်ထုတ်ပြန်မလဲဆိုတာကို မသိရသေးတာဖြစ်ပါတယ်။