The network connection is lost.

Banner Image

ကွင်ဆာကို စောစောစီးစီးလူစားလဲလှယ်ခဲ့ခြင်းအတွက် အကြောင်းရင်းကို ရှင်းပြလာတဲ့ အန်းစလော့

ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ကစားရချိန်မှာ အဖျားဝေဒနာခံစားနေရတဲ့ကွင်ဆာကို စောစောစီးစီးပဲ လူစားလဲလှယ်ခဲ့ရတယ်လို့ လီဗာပူးနည်းပြအန်းစလော့က အတည်ပြုပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်အတွက် လီဗာပူးအသင်းရဲ့ဗဟိုခံစစ်ပိုင်းမှာ ကွင်ဆာက ဗန်ဒိုက်နဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပွဲကစားချိန်နာရီဝက်အကြာမှာတော့ အန်ဒိုနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

အခုလိုအခြေအနေနဲ့အတူ လီဗာပူးအသင်းအတွက် နောက်ထပ်ဒဏ်ရာပြဿနာထိုးနှက်ချက်တစ်ခု ရှိလာပြီလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အန်ဖီးလ်ကလပ်က လတ်တလောမှာ ဒဏ်ရာပြဿနာကြောင့် ဂျိုးဂိုးမက်ဇ်ကို လက်လွှတ်ထားရသလို ကိုနာတေးကိုယ်တိုင်လည်း အခုမှ သက်သာလာခါစပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့မြောက်လန်ဒန်ရှုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က ကွင်ဆာရဲ့အခြေအနေအသေးစိတ်ကို မပြောဆိုပေမယ့် လတ်တလောအဖျားဝေဒနာတစ်ခုရဲ့ အကျိုးသက်ရောက်မှုကို ဗဟိုခံစစ်မှူး ခံစားနေရတယ်လို့ ယုံကြည်နေပါတယ်။

အန်းစလော့က “ကွင်ဆာ တကယ်နေမကောင်းပါဘူး။ ဒါကြောင့် လူစားလဲလှယ်လိုက်ချိန်အထိ သူ့ရဲ့ရင်ဘတ်မှာ ဖိအားတစ်ခု ခံစားနေတယ်လို့ ပြောခဲ့တယ်လို့ ထင်ပါတယ်။ သူ့ကို လူစားလဲလှယ်ပြီးချိန်မှာပဲ ပွဲက ပြန်လည်စတင်နေပါပြီ။ အရမ်းမြန်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို အတိအကျမမေးမိလိုက်ပါဘူး။ ဒါပေမယ့် ကွင်ဆာကတော့ နေမကောင်းဘူးလို့ ပြောခဲ့ပါတယ်။ ဒါက ဒဏ်ရာပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ နေလို့ထိုင်လို့ ပိုပြီးတော့ မကောင်းလာတာမျိုး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းမှာ သူ အအေးမိခဲ့ပါတယ်။ လမ်းကြောင်းမှန်ဆီ သူပြန်လာနေပြီလို့ ကျွန်တော်တို့ယူဆခဲ့ပေမယ့် ဒါနဲ့ပတ်သက်လို့ တစ်ခုခုဖြစ်သွားတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ သူ့ကို ကျွန်တော် မေးကြည့်ပါဦးမယ်။ ဒဏ်ရာပြဿနာတစ်ခုတော့ လုံးဝမဟုတ်ပါဘူး”လို့ ပြောပါတယ်။