The network connection is lost.

Banner Image

အင်္ဂလန်ကွင်းလယ်လူဟောင်း လယ်လာနာကို ၁ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ ဆောက်သမ်တန်

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်သို့ပြန်လည်တန်းတက်လာမယ့် ဆောက်သမ်တန်ဟာ အင်္ဂလန်ကွင်းလယ်လူဟောင်း အဒမ်လယ်လာနာကို ၁ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

လယ်လာနာအနေနဲ့ ဆောက်သမ်တန်ကို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမားဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဒီအသင်းမှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ ကစားသမားဟာ ဘရိုက်တန်သို့ မရောက်ခင် လီဗာပူးနဲ့ချိတ်ဆက်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ကွင်းလယ်လူက “ကျွန်တော့်အတွက် အရာအားလုံးအစပြုခဲ့တဲ့နေရာကို ပြန်လာရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒါက ဒဏ္ဍာရီပုံပြင်တစ်ခုလို ထင်ရပေမယ့် ကျွန်တော့်ခေါင်းထဲမှာတော့ ဒီဘောလုံးအသင်းအတွက် ပေးဆပ်စရာတွေအများကြီး ရှိသေးတယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက်-၃၆ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၃-၁၈ ခုနှစ်အတွင်း ၃၄ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ မေလမှာ ကစားခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ်ဖိုင်နယ်မှာ လိဒ်ကို ၁-၀ နဲ့အနိုင်ရရှိပြီး ပရီးမီးယားလိဂ်သို့တန်းတက်လာခဲ့တာဖြစ်ပါတယ်။