The network connection is lost.

Banner Image

ယူနိုက်တက်စတားတွေက သူ့အပေါ် ဂရုမစိုက်ဘဲ လက်လျှော့ခဲ့တာတွေရှိပါတယ်လို့ ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

ဆိုးလ်ရှားဟာ ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အတွင်း ယူနိုက်တက်ကို တာဝန်ယူခဲ့သော်လည်း ကြီးကြီးမားမား ဆုဖလား အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယူရိုပါလိဂ်တွင် ဒုတိယနေရာသာ အမြင့်ဆုံးရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ယာယီနည်းပြဖြစ်လာရန် ချိတ်ဆက်ခြင်းခံထားရတဲ့ နော်ဝေသားက အိုးထရက်ဖို့ဒ်မှာရှိခဲ့အချိန်အတွင်း နိမ့်ကျမှုများရှိခဲ့ကြောင်းနှင့် ယူနိုက်တက်မှ ထုတ်ပယ်ခြင်းမခံရမီ ဝက်ဖို့ဒ်အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အခါတွင် ရှက်ရွံ့မိကြောင်း ဝန်ခံခဲ့ပါတယ်။
 
ဆိုးလ်ရှားက သူရရှိထားတဲ့အသင်းနှင့် ဒုတိယနှင့်တတိယ ရရှိခဲ့ခြင်းဟာ 'အောင်မြင်မှု' ဖြစ်တယ်လို့ စောဒကတက်ပြောဆိုခဲ့ပြီး ဂွါဒီယိုလာရဲ့ ဘောလုံးစတိုင်ဟာ သူ့ရဲ့ပုံစံမဟုတ်ဘူးလို့ ပြောဆိုကာ စပိန်သားကို ပြောဆိုဖို့ ရည်ရွယ်ချက်ရှိပုံပေါ်နေပါတယ်။ "နိမ့်ကျမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်က အမြင့်တွေထက် အောက်ကို ပြန်ကြည့်တဲ့သူတစ်ယောက်ပါ" ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ အဆုံးသတ်ခဲ့ပြီး ဒီထက်နိမ့်ကျလို့တော့မရပါဘူး။ ပထမပိုင်းမှာ ကျွန်တော်က အနည်းနဲ့အများ သိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အဖွဲ့ရဲ့ ဆွေးနွေးချက်က နောက်ဆုံး ၄၅ မိနစ်ကို အတူတကွ ပျော်ရွှင်စွာနဲ့ သူတို့အားလုံးကို အကောင်းဆုံးလုပ်ပေးဖို့ပါ" "တချို့က ဂရုမစိုက်ဘဲ ပြေးတာ ရပ်သွားပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဗန်ဒီဘီခ်ဝင်ရောက်လာပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်" "ကျွန်တော်တို့ ဂိုးတွေပိုပြီးသွင်းခဲ့သင့်ပါတယ်။ အဲ့ဒီနောက် ထုတ်ပယ်ခြင်းခံခဲ့ရသလို ၉၄ မိနစ်အထိ ၂-၁ ဂိုးပဲ ဖြစ်နေတာပါ" "၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက တကယ်ကို ဆိုးရွားပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာ ရှုံးရတာ ဆိုးပေမယ့် ၄-၁ ဂိုးဆိုတော့ ပိုဆိုးပါတယ်" လို့ ဆိုးလ်ရှားက The National ကို ပြောကြားခဲ့ပါတယ်။
 
အသင်းရှုံးနေတာကို ဘေးကနေကြည့်ရင်း ဖိအားတွေရှိလာတဲ့အပေါ် ဆိုးလ်ရှားက "ဒါက ကမ္ဘာပေါ်မှာ အထီးကျန်ဆုံးနေရာပါ၊ ကြောက်စရာကောင်းပါတယ်" "ခင်ဗျားရော ဒီမှာလာပြီးထိုင်ချင်သလား။ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်နေသော်လည်း နည်းနည်းတော့ ရှက်ပေမယ့် မတ်တပ်ရပ်ပြီး ဘယ်တော့မှ အရှုံးမပေးပဲ လုပ်ခဲ့ပါတယ်။ မတ်တပ်ရပ်ပြီး ဒါက မင်းရဲ့အဖွဲ့၊ မင်းရွေးထားတဲ့အဖွဲ့ဆိုတာ ပြရပါမယ်။ ပြီးတော့ တာဝန်ယူဖို့အတွက် ဘယ်တော့မှ အကာကွယ်မယူခဲ့ပါဘူး" "ကျွန်တော် ယူနိုက်တက်မှာ ဆုဖလားမရရှိနိုင်ခဲ့ပါဘူး။ ဗီလာရီးရဲလ်နဲ့ ၂၀၂၁ ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ်မှာ ကျွန်တော်တို့အသင်းက ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပါတယ်" "ဒါပေမယ့် ကျွန်တော် ယူနိုက်တက်မှာ ကနဦးကတည်းက လုပ်ဆောင်ခဲ့ပါတယ်။ လူတွေ ပြုံးနေပြန်တယ်။ အသင်းကို အနိုင်ရရှိအောင်လုပ်ပြီး အသင်းတိုင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိဖို့ အုတ်မြစ်ချကာ အဲ့ဒီအတိုင်း ကျွန်တော်လုပ်ခဲ့ပါတယ်"
 
"ကျွန်တော်တို့က အဝေးကွင်း ၂၉ ပွဲ ရှုံးပွဲမရှိခဲ့ပါဘူး။ အဲဒါလုပ်ဖို့မလွယ်ဘူး။ မန်စီးတီးလို နေရာမျိုးတွေကို သွားပြီး အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ လိဂ်ဖလားကို မရယူနိုင်ခဲ့ပေမယ့် ကျွန်တော်ရထားတဲ့ အသင်းနဲ့အတူ ဒုတိယ ၊ တတိယနေရာအထိ အောင်မြင်မှုရရှိခဲ့ပါတယ်" သူ့ရဲ့မန်ချက်စတာပြိုင်ဘက်တွေအကြောင်းပြောရာမှာ ဆိုးလ်ရှားက "စီးတီးက စောင့်ကြည့်ဖို့ အမြဲတမ်း စိတ်ဝင်စားစရာပါ" "သူတို့က တိုက်စစ်အတွက် လုပ်တဲ့အခါ ထိုးဖောက်နိုင်တဲ့ အကြိမ်အရေအတွက်နဲ့ ပတ်သက်ပြီး ကျွန်တော့် ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် သူတို့က အနိုင်ရရှိခဲ့ပါတယ်။ ဟာလန်းကို ဦးတည်ပြီး ကစားရင် သူက မကြာခဏဆိုသလို ဂိုးသွင်းနိုင်ပေမယ် ဘောလုံးဆုံးရှုံးသွားရနိုင်ပါတယ်" လို့ ပြောပါတယ်။