
ရေပန်းအစားဆုံးပြိုင်ဘက်အသင်းနာမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဆီမြွန်နီ
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဘာစီလိုနာကို သူ့ရဲ့ရေပန်းအစားဆုံးပြိုင်ဘက်အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး ပြိုင်ဘက်နည်းပြ ဖလစ်ကို ချီးကျူးလိုက်ပါတယ်။ ဆီမြွန်နီက ဘာစီလိုနာနဲ့ရင်ဆိုင်မယ့်ပွဲတွေကို ပြင်ဆင်ရတာနှစ်သက်သလို သူတို့ရဲ့တိုက်စစ်ကစားဟန် နဲ့ အသင်းလိုက်ကစားဟန်ကို ချီးကျူးလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အာဂျင်တိုင်းသားက သူ့အနေနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့တာက ဒီရာသီသူ့အသင်းကိုအကူအညီမဖြစ်စေသလို ပထမဆုံး ၃ ပွဲမှာလည်း တီကိုက ၂ မှတ်သာရရှိခဲ့ပါတယ်။ ဆီမြွန်နီဟာ တီကိုအသင်းကို ၂၀၁၁ ကတည်းက ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာထက်ပိုကောင်းတယ်လို့ လူသိများတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက တီကိုဟာ ပြည်တွင်းအပြင် ဥရောပပြိုင်ပွဲတွေအပါ ၄ ကြိမ်လောက်အထိ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ ၄ ကြိမ်မှာ ဘာစီလိုနာက ၃ ကြိမ်အသာရခဲ့သလို တီကိုအသင်းကို ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေပါ ထွက်စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ တုန်းက တီကိုအသင်းဟာ ဘာစီလိုနာကိုကျော်ဖြတ်ပြီး ဆုဖလားရယူနိုင်ခဲ့ပြီး နောက်ဆုံး ၆ ရာသီမှာ တတိယနေရာမှာပဲ ၄ ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။
တတိယနေရာက သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရစေပေမယ့် ဆီမြွန်နီက လုံလောက်တယ်လို့ မခံစားရစေတာဖြစ်ပါတယ်။ “သူတို့(ဘာစီလိုနာ)က တိုက်စစ်ကောင်းသလို တောင်ပံနေရာတွေက တကယ်အရေးကြီးပါတယ်။ သူတို့က အသင်းကောင်းဖြစ်သလို အသင်းလိုက်လည်းကစားနိုင်ပါတယ်။ကစားသမားတစ်ဦးချင်းစီကနေ အကောင်းဆုံးတွေထုတ်ယူနိုင်တဲ့နည်းပြတွေလည်း ကိုင်တွယ်တာပါ။
ကျွန်တော်တို့အနိုင်ရနိုင်တယ်ဆိုတာ သိပါတယ်။ ၄ နှစ်အတွင်းမှာ အဲ့တာဖြစ်လာနိုင်တယ်ဆိုတာ သိပါတယ်။ တကယ်လို့ တီကိုအနေနဲ့ အသင်းတစ်သင်းအနေနဲ့ ဆက်လက်တိုးတက်ချင်တယ်ဆိုရင် အနိုင်ရဖို့နောက်တစ်ကြိမ်လိုအပ်ပါတယ်။ ကျွန်တော်တို့ ၁၉၉၆ ၊ ၂၀၁၄ နဲ့ ၂၀၂၁ မှာ အနိုင်ရခဲ့ပါတယ်။ အခုက အချိန်ကျနေပါပြီ။ ကျွန်တော်တို့ အနိုင်ရဖို့လိုပါပြီ။ ကျွန်တော့်အတွက် တတိယနေရာက မလုံလောက်ပါဘူး။ ဒီနေရာရပ်တည်လို့ ပျော်လားမေးရင် ကျွန်တော်မပျော်ပါဘူး။ ဒါပေမယ့် အသင်းအတွက်တော့ တတိယနေရာမှာ ရပ်တည်တယ်ဆိုတာက တကယ့်ကိုအရေးပါပါတယ်”လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တီကိုအသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး ဖိအားတွေရှိနေတာကြောင့် အခြေအနေတွေကို ပြောင်းလဲဖို့ လိုအပ်နေပါတယ်။