The network connection is lost.

Banner Image

ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အာဂျင်တီးနားအသင်းမှာ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ချယ်လ်ဆီးကွင်းလယ်လူ ဖာနန်ဒက်ဇ် အခိုင်အမာဆို

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က အာဂျင်တီးနားအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ သူတို့ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ယုံကြည်မှုတွေ အပြည့်အဝရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အန်ဇိုဟာ မော်ရီတေးနီးယားအသင်းနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ခြေစမ်းပွဲအပြီးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လိုရှိလဲလို့ မေးမြန်းရာမှာတော့ "အခြေအနေ တော်တော်လေးကောင်းပါတယ်။

ကျွန်တော်တို့ ချန်ပီယံဆုကို ကာကွယ်သွားမှာပါ၊ ဒါကတော့ သိသာပြီးသားပါ။ အခုကစားနေတဲ့ပွဲတွေဟာ ကြိုတင်ပြင်ဆင်မှုတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ အကောင်းဆုံးပုံစံနဲ့ ပါဝင်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ သူက ESPN ကို ဖြေကြားခဲ့ပါတယ်။ ဗျူနိုအေးရိစ်မြို့မှာ မော်ရီတေးနီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲနဲ့ပတ်သက်ပြီး အန်ဇိုက "ဒီပွဲအပေါ် ကျွန်တော့်ရဲ့ ခံစားချက်က တစ်မျိုးကြီးပါပဲ။ ကွင်းအခြေအနေက မကောင်းတဲ့အတွက် ကျွန်တော်တို့ရဲ့ ကစားဟန်ကို ကောင်းကောင်း မပြသနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီပွဲဟာ လာမယ့်ပြိုင်ပွဲတွေအတွက် အသုံးဝင်ပါတယ်၊ အသင်းသားတွေနဲ့ အတူရှိနေရတာမျိုးနဲ့ နည်းပြရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြန်ပြီး လေ့ကျင့်ခွင့်ရလို့ပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။