The network connection is lost.

Banner Image

ဗင်နီစီးယက်စ်အတွက် ဆော်ဒီပရိုလိဂ်မှ ယူရို ၁ ဘီလီယံတန် ကမ်းလှမ်းချက် ပျက်ပြယ်

ဗင်နီစီးယက်စ်အတွက် ဆော်ဒီပရိုလိဂ် မှ ယူရို ၁ ဘီလီယံတန် ကမ်းလှမ်းချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ် က ဘရာဇီးကြယ်ပွင့်အတွက် စာချုပ်အသစ်ကို စီစဉ်နေပါတယ်။ ဗင်နီစီးယက်စ်ဟာ အရှေ့အလယ်ပိုင်းသို့ ထိပ်တန်းကစားသမားများ ပိုမိုဆွဲဆောင်ရန် မျှော်လင့်နေတဲ့ ဆော်ဒီပရိုလိဂ်အတွက် အဓိက ပြောင်းရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မကြာသေးမီလများအတွင်း စာချုပ်တိုးမြှင့်ရေး ဆွေးနွေးမှုများ ရပ်တန့်နေတယ်လို့ ယူဆရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားက လော့စ်ဘလန်ကိုစ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်လိုနေပါတယ်။

AS ရဲ့ ဖော်ပြချက်အရ ဗင်နီစီးယက်စ်အတွက် ငါးနှစ်စာချုပ် ယူရို ၁ ဘီလီယံ (ပေါင် ၈၆၆.၇ သန်း၊ ဒေါ်လာ ၁.၁ ဘီလီယံ) တန်ဖိုးရှိ ကမ်းလှမ်းချက်ကို ယခုအချိန်အတွက် ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း နောင်တွင် စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ 

တောင်ပံကစားသမားနှင့် ရီးရဲလ်မက်ဒရစ်တို့ကြား ဆွေးနွေးမှုများက ၂၀၂၆ ခုနှစ်တွင် ပြန်လည်စတင်မယ်လို့ ယုံကြည်ရပြီး ဗင်နီစီးယက်စ်က သူ့ရဲ့ ဘာနေဗျူးမှာ ရှိနေမှုကို ထပ်မံခိုင်မာစေဖို့ ကလပ်မှာ ဆက်နေရန် ရည်ရွယ်ထားကြောင်း ယခင်က ပြောကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗင်နီစီးယက်စ်ကို အသင်းခေါင်းဆောင်အဖွဲ့တွင် ထည့်သွင်းခြင်းဖြင့် ကစားသမားစာရင်းတွင် သူ့ရဲ့ မြင့်မားသော အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ပါတယ်။ 

ကာဗာဂျယ်လ် က လူကာ မိုဒရစ် ထွက်ခွာပြီးနောက် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်မည်ဖြစ်ပြီး ဖက်ဒရီကိုဗယ်လ်ဗာဒီ က ဒုတိယ အသင်းခေါင်းဆောင် ဖြစ်လာမှာပါ။ ဂိုးသမား သီဘော ကော်တွိုက်စ်က တတိယနေရာတွင် ရှိပြီး ဗင်နီစီးယက်စ်က စတုတ္ထမြောက် အသင်းခေါင်းဆောင် ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာ ဗီနီဆီးယက်စ်ရဲ့ အနာဂတ်နှင့် ပတ်သက်၍ ထပ်မံထင်ကြေးပေးမှုများ မဖြစ်ပေါ်စေရန် မကြာမီ သူ့အတွက် စာချုပ်ကို အပြီးသတ်လိုနေတာ ဖြစ်ပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားတွင် ပါဝင်ခဲ့ပြီးနောက် ရာသီကြိုပွဲများ မရှိတော့ဘဲ ၂၀၂၅-၂၆ လာလီဂါရဲ့ ပထမဆုံးပွဲစဉ်ကို အိုဆာဆူနာ နှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။