The network connection is lost.

Banner Image

ရီးရဲလ်စတားကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဆော်ဒီလိဂ်

သတင်းတွေအရ ဆော်ဒီလိဂ်တာဝန်ရှိသူတွေဟာ ရီးရဲလ်စတား ဗင်နီဆီးယက်စ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၀ အထိ ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေသလို ယူရို ၁ ဘီလီယံစာချုပ်ပါချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ လက်ရှိရီးရဲလ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေပြီး လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘော်လွန်းဒီအော်ဆုနဲ့လည်း နီးစပ်ခဲ့ပေမယ့် ရိုဒရီက ကျော်ဖြတ်ကာရရှိခဲ့တာကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဆော်ဒီလိဂ်စီးအီးအို အိုမာကတော့ ဘရာဇီးသားကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၅ နွေရာသီအစီအစဉ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “နွေရာသီမှာ ကျွန်တော်တို့ စိတ်ဝင်စားစရာကောင်းတဲ့ခေါ်ယူမှုအချို့ပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ဘာဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ အိုမာက ပြောကြားခဲ့ပါတယ်။

တူညီတဲ့သတင်းတွေအရ ဗင်နီဆီးယက်စ်ဟာ လက်ရှိဆော်ဒီလိဂ်ရဲ့အပြောင်းအရွှေ့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး နေမာရဲ့စံချိန်ကို ကျော်ဖြတ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ အယ်လ်-ဟီလယ်အသင်းက နေမာနေရာမှာ ဗင်နီဆီးယက်စ်နဲ့ အစားထိုးချင်နေပြီး အယ်လ်-အက်လီအသင်းကလည်း ခေါ်ယူဖို့ ပြင်ဆင်နေကာ ပေါင် ၂၅၁ သန်း နဲ့ စာချုပ်ထဲမှာလည်း ယူရို ၁ ဘီလီယံလောက်အထိ ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဘက်က ဘရာဇီးသားကို ရောင်းချမှာမဟုတ်ပဲ စာချုပ်ထဲမှာ ယူရို ၁ ဘီလီယံတန်ကြေးရှိတဲ့ ဖျက်သိမ်းကြေးရှိနေသလို စာချုပ်သစ်ချုပ်ဆိုဖို့လည်း ဆွေးနွေးဖွယ်ရှိနေပါတယ်။