The network connection is lost.

Banner Image

ဂွါဒီယိုလာက သူ့လက်ထောက်နည်းပြလာလုပ်ဖို့ တောင်းဆိုလာရင် ကျွန်တော် သွားမယ်လို့ ရွန်းနီ ထုတ်ဖော်ပြောကြား

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ဂွါဒီယိုလာတစ်ယောက် သူ့လက်ထောက်နည်းပြလုပ်ဖို့ တောင်းဆိုလာရင် ကျွန်တော်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းမှာ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင် ၅၅၉ ပွဲမှာ ၂၅၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ စီးတီးကို ပြောင်းဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး ၂၀၁၀ တုန်းက အပြောင်းအရွှေ့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆာအဲလက်စ်ကြောင့် အခြေအနေတွေက ပြောင်းလဲခဲ့ပြီး ယူနိုက်တက်မှာ နောက်ထပ် ၇ နှစ်ဆက်နေခဲ့ပါတယ်။

ဘာမင်ဂမ်အသင်းမှာ “နည်းပြလုပ်ခဲ့ပေမယ့် ၁၅ ပွဲ ကိုင်တွယ်အပြီးမှာ အထုတ်ခံခဲ့ရပြီး အသက် ၃၈ နှစ်သားက စီးတီးဘက်က တောင်းဆိုလာရင် အခုလိုမျိုးလုပ်ဆောင်မယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ အဲ့တာက သူတို့တောင်းဆိုမလားဆိုတဲ့အပေါ်မူတည်ပါတယ်။ ဂွါဒီယိုလာက သူ့လက်ထောက်နည်းပြလာလုပ်ဖို့ တောင်းဆိုလာရင် ကျွန်တော်ပျော်ပျော်ကြီးသွားမှာပါ။ အာတီတာတစ်ယောက် အာဆင်နယ်မှာ ဘယ်လိုဖြစ်နေလဲဆိုတာ ခင်ဗျားတို့ မြင်မှာပါ။ ဂွါဒီယိုလာလက်အောက်မှာ သင်ယူရင် အတွေ့အကြုံအများကြီးရမယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံကြည်ပါတယ်။ ဒါကြောင့် အခြေအနေပေါ်မူတည်ပါတယ်။ ကျွန်တော့်အတွက် ပက်က အကောင်းဆုံး နည်းပြဖြစ်သလို သူစီးတီးမှာလုပ်ပြနေတာတွေကသက်သေပြနေပါတယ်။ စီးတီးအသင်းကို အကောင်းဆုံးကိုင်တွယ်နေတယ်ဆိုတာ အားလုံးမြင်နိုင်ပါတယ်။ သူတို့က အခြားသူတွေထက် အလုပ်ကြိုးစားကြပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၆ နေရာက “ယူနိုက်တက်ကို ၁၂ ဖြတ်ပြီး ဦးဆောင်နေကာ ရွန်းနီက တန်ဟက်လက်အောက်က ယူနိုက်တက်ကိုကြည့်ရင်း စိတ်ပျက်နေပါတယ်။ အရည်အချင်းတွေကတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်တာက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုလိုအပ်တယ်လို့ ထင်ပါတယ်။ အချို့ပွဲတွေကိုကြည့်ရင် သူတို့ကောင်းပါတယ်။ ဒါပေမယ့် အကုန်လုံးခြုံကြည့်ရင် အဆင်မပြေတော့ပါဘူး။ သူတို့ကောင်းရာကနေ ဆိုးသွားနိုင်ပါတယ်။ တည်ငြိမ်မှုပျောက်ဆုံးနေပါတယ်။ ကျွန်တော် ဒါဘီ၊ ဘာမင်ဂမ်၊ ဒီစီယူနိုက်တက်တို့မှာ အတွေ့အကြုံတွေရခဲ့ပါတယ်။ အဲ့ကနေ သင်ယူပြီး ကျွန်တော် အခုထက်ပိုကောင်းအောင်လုပ်ဆောင်သွားမှာပါ။ နည်းပြလောကကို ပြန်လည် ဝင်ရောက်ဖို့ အာရုံ စိုက်ချင်ပါတယ်။ ရခဲ့တဲ့အတွေ့အကြုံတွေကလည်း ကျွန်တော့်ကိုကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့် နည်းပြအမြင်အရ ကျဆင်းနေတယ်လို့ မြင်ပါတယ်။ အဲ့တာကြောင့် သေချာလေးအာရုံစိုက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်သက်သေပြချင်ပါတယ်”လို့ ရွန်းနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။